12 July 2023 - 14th Week in Ordinary Time, Wednesday
၁၂/၀၇/၂၀၂၃ - ၁၄ ကြိမ်မြောက်သာမန်ဗုဒ္ဓဟူးနေ့ (A)
Matthew 10:1-7
Reflection by Bro. Augustine Plareh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယနေ့ဧဝံဂေလိကျမ်းက ကျွန်ုပ်တို့ကိုဘာတွင် မီးမောင်းထိုးပြနေလဲဆိုတော့သခင်ခရစ်တော်က သူရဲ့တပည်တော်တစ်ဆက်နှစ်ပါးကို နာမည်တပ်ခေါ်ပြီးတော့ သူ့နဲ့အတူအလုပ်အတူတူလုပ်ဖို့ သူရဲ့တပည်တော်တွေကိုခေါ်ခဲ့တယ်။ဒီနေရာမှာဘာကိုသွားပြီးသတိထားမိလဲဆိုတော့ သခင်ခရစ်တော်ရဲ့တပည်တော်တွေကဆင်းရဲသား၊ စာမတတ်၊ပေမတတ်တဲ့ဘဝကနေ လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူတိုတတွေသခင်ခရစ်တော်ကိုယုံယုံကြည်ကြည့် အရာအားလုံစွန့်လွတ်ပြီး သူ့နောက်ကိုလိုက်ခဲ့ကြတယ်။သခင်ခရစ်တော်ကလည်း သူတို့ကိုသူ့နဲအတူရှိနေစေပြီး ပညာတွင်သင်ကြားပေးခဲ့တယ်။အချိန်တခုရလာတဲ့အချိန်မှာ သခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုနာမကျန်းသူများကိုကုသပေးဖို့၊အပြစ်သားတွေကို ခွင့်လွတ်လွတ်ခြင်းနှင့်ဘုရားသခင် ၏နိုင်ငံတော်အကြောင်းကို ဟောပြောသက်သေခံနိုင်ဖို့စသည့်အခွင့်အာဏာတွေကိုပေးခဲ့တယ်။ကျွန်ုပ်တို့တတွေလဲ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ဘုရားသခင်းကကျွန်ုပ်တို့ရဲ့လူဘောင်အဖွဲ့အစည်းထဲမှာ‘’ပျောက်ဆုံးနေသောသိုးစု’’ကိုပြန်လည်ပြီးစုစည်းနိုင်ဖို့ သခင်ခရစ်တော်ဟာကျွန်ုပ်တို့ကိုလဲ ခေါ်ရခြင်းဖြစ်တယ်။တပည့်တော်ကြီးတို့သည်လဲ ကျွန်ုပ်တို့နည်းတူမပြည့်စုံသောငြားလည်း ဘုရားသခင်၏ ဧဝံဂေလိတရားပြန့်ပွားရေးဆိုင်ရာ၎င်းတို့၏အရေးကြီးဆုံးသောမစ်ရှင်ကိုသိစွာရှိရှိ့ဆောင် ရွက်ခဲ့ကြတယ်။တပည်တော်ကြီးတို့ဟာညစ်ညူးသောနတ်ဆိုးတွင်ကိုအုပ်စိုးရန်အခွင့်အဏာ၊ရောဂါများကို ပျောက်ကင်း စေသောအခွင့်အာဏာကိုပေးထားပြီး၊သူတို့သွားလေရာအရပ်ရပ်မှာ တရားဒေသနာတွင်ကို ဟောကြားဖို့သခင်ခရစ်တော်က သူတို့ကို မိန့်မှာခဲ့တယ်။ သူတို့တတွေရဲ့တာဝန်က ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကရုဏာတော်ကိုဟောကြားမယ်၊ ကုသခြင်းတွင်ကိုသခင်ခရစ်တော်နှင့်အတူပြုလုပ်မယ်ဖြစ်ပါတယ်။ယခုအချိန်မှာ တမန်တော်ကြီးမရှိကြတော့ဘူးဆိုပေမဲ့ သူတို့ရဲ့အရိုက်အရာဆက်ခံနေတဲ့ရဟန်းမင်းကြီး နှင့်အတူ ဆရာတော်ကြီးတွင်၊ရဟန်းတွင်၊သီလရှင်တွင်၊ဘာသာတူညီအစ်ကိုတွင်လည်း ဘုရားသခင်၏နိုင်ငံတော်တိုးတက်ပြန့်ပွားဖို့ဆောင်ရွက်နေကြတာဖြစ်တယ်။ကျွန်ုပ်တို့တတွေလည်းသခင်ခရစ်တော်၏ မစ်ရှင်တွင်ကိုထိရောက်စွာပူပေါင်းပါဝင်ဆောက်ရွက်သူများဖြစ်ခြင်းအားဖြင့် စစ်မှန်သောခရစ်ယာန်တစ်ယောက်အဖြင့် ခေါ်ဆိုရန်ထိုက်တန်မှာဖြစ်တယ်။