Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-13 10:13:36

ဇူလှိုင် ၁၄ ရက်နေ့၊ ၂၀၂၃ - ၁၄ ကြိမ်မြောက်သာမန်သောကြာနေ့
14.7.2023 – 14th Week in Ordinary Time, Friday
သံမာတေဦး ၁ဝး ၁၆ - ၂၃
Reflection by Fr. Paul Aung Myint Win O.P
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့်ပြောတော်မူ၏။ဧဝံဂေလိသတင်းကောင်းကို ဟောပြောဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ သက်တောင့်သက်သာနှင့် ဆောင်ရွက်သွားရမယ်လို့ ထင်မထားပါနဲ့။ အထူးသဖြင့် တရားဒေသနာကို မကြားချင်တဲ့ လူ့အဖွဲ့အစည်းမှာ တရားဟောဖို့ဆိုတာ စွန့်စားရတဲ့အလုပ်တစ်ခုပါ။ ဒီနေ့ ဖတ်ရှုကြားနာရတဲ့ သံမာတေဦး ၁ဝး၁၆-၂၃ မှာ၊ ခရစ်တော်က သူ့ရဲ့တပည့်တော်ကြီးတွေကို “ဝံပလွေများအလယ်သို့ သိုးများကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏”လို့ အစချီထားပါတယ်။ဒါ့အပြင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောလို့လူတွေရဲ့ အရေးယူခြင်း၊ တရားဇရပ်များမှာရိုက်နှက်ခြင်းအပြင် ရုံးရောက်ဂတ်ရောက်နဲ့ လူမျိုးခြားတို့အလယ်မှာ သက်သေခံကြရမယ်လို့သတိပေးထားပါတယ်။တရားဟောသွားဖို့ ပြင်နေတဲ့သူတွေအတွက်တော့ခရစ်တော်ရဲ့စကားတွေဟာ ခွန်အားမဖြစ်ဘဲ၊စိတ်ပျက်စရာ၊ထိပ်လန့်စရာတွေဖြစ်နေမှာ သေချာပါတယ်။ဒါပေမယ့် ခက်ခဲမယ်ဆိုတာ ကြိုတင်သိထားတဲ့အတွက်၊စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာကြိုတင်သိထားတဲ့အတွက်၊ သတင်းကောင်းဟောဖို့ သွားမယ့်သူတွေဟာ သတိ၊အသိနဲ့ ကြိုတင်ပြင်ဆင်ကြမှာ သေချာပါတယ်။ခရစ်တော်ရဲ့ခွန်အားပေးမှုက ဒီလိုစိန်ခေါ်မှုတွေ၊အခက်ခဲတွေနဲ့ကြုံရမယ်ဆိုရင်လည်း စိုးရိမ်ကြောင့်ကျစရာမလိုပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ အဖခမည်းတော်ဘုရားရဲ့ဝိညာဉ်တော်ဟာ သူတို့နဲ့အတူရှိနေပြီး သူတို့ကိုယ်စား ရင်ဆိုင်ပြောဆိုပေးသွားမှာမို့ပါ။ကျွန်ုပ်တို့ ဘဝမှာလည်း အမှန်တရားဘက်ကရပ်တည်လို့ လူမုန်းခံရတဲ့အခါ၊ အထင်လွဲခံရတဲ့အခါ၊ တိုက်ခိုက်ခံရတဲ့အခါမျိုးတွေမှာ ဘယ်လိုခွန်အားတွေယူခဲ့ရပါသလဲ။ ဘုရားသခင်ရဲ့ အနားမှာရှိနေပေးမှုနဲ့ ခွန်အားကျေးဇူးကို ခံစားရဖူးပါသလား။ မတရားသဖြင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါဘယ်လိုရင်ဆိုင်ရမလဲဆိုတာမျိုး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ညွှန်ကြားမှုမျိုးခံစားရရှိခဲ့ဖူးပါသလား။ကိုယ်တိုင်ရည်ရွယ်မထားတဲ့စကားတွေနဲ့ ပြန်လည်ချေပဖူးပါသလား။ဘယ်လိုအခက်ခဲတွေရှိရှိ၊ စိန်ခေါ်မှုတွေကြုံကြုံ ကိုယ့်ကိုယ်ကို ရိုးသားဖြောင့်မတ်စွာနဲ့ မှန်မှန်ကန်ကန် အသက်ရှင်နေထိုင်သွားဖို့ ဘယ်သူကများ ခွန်အားတွေ ပေးနေပါလိမ့်။အကျင့်ပျက်ချစားနေတဲ့လူ့အသိုင်းဝိုင်းတစ်ခုမှာအမှန်တရားနဲ့ဧဝံဂေလိသတင်းကောင်းကိုဆက်လက်သက် သေခံ ဟောပြောဖို့ဘယ်သူကများခွန်အားတွေပေးနေပါလိမ့်။ဒီနေ့ဆာလံကျမ်းမှာတော့“ဖြောင့်မတ်သောသူ၏ကယ်တင်ခြင်းသည်ထာဝရဘုရားသခင်ထံတော်မှလာ၏”လို့ ခွန်အားပေးထားပါတယ်။

Daily Reflection