Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-14 07:54:42

15.7.2023 – 14th Week in Ordinary Time, Saturday
ဇူလှိုင် ၁၅ ရက်၂၀၂၃၊ ၁၄ ကြိမ်မြောက်သာမန် စနေနေ့ (A)
သံမာတေဦး ၁၀:၂၄-၃၃
Reflection by Fr. Paul Aung Myint Win O.P
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကိုယ်ခန္ဓာကိုသတ်၍ ဝိညာဉ်ကိုမသတ်နိုင်သော သူတို့အား မကြောက်ကြနှင့်။ဝိညာဉ်နှင့်ကိုယ်ခန္ဓာကိုပါငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာကြောက်ကြလော့။လူ့ဘဝရဲ့အားနည်းချက်တစ်ခုဟာ အကြောက်တရားဖြစ်ပါတယ်။အကြောက်တရားဟာလူတွေရဲ့ဘဝအသက်ရှင်ခြင်းကို တုံ့ဆိုင်းစေသလို မဝံ့မရဲဖြစ်စေပါတယ်။ကိုယ့်ရဲ့ယုံကြည်ရာ၊ယုံကြည်ခြင်း၊ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ်ရဲ့ကြိုးစားမှု၊ကိုယ့်ရဲ့အနာဂတ်အိပ်မက်တွေ၊ကိုယ့်ရဲ့မျှော်လင့်ချက်တွေ၊ကိုယ်ရဲ့ဖြစ်တည်မှုတွေဟာ ဒီအကြောက်တရားကြောင့်သွက်ချာပါဒဖြစ်ရတတ်ပါတယ်။စိန့်သောမတ်စ်အကွိုင်နက်စ်ရဲ့အဆိုအရ ကြောက်တဲ့စိတ်ဟာအနာဂတ်မကောင်းမှုတစ်ခုခု၊ကံကြမ္မာဆိုးတစ်ခုခုကို ကြိုတင်ခံစားမိလို့လို့ဆိုပါတယ်။အပြင်အကြောင်းတရားတွေကြောင့် အကြောက်တရားဖြစ်ပေါ်ရသလို အတွင်းစိတ်ခံစားချက်တွေကြောင့်လည်း အကြောက်တရား ဖြစ်ပေါ်တတ်ပါတယ်။ ခရစ်တော်ဘုရားရှင်ကတော့ သူ့ရဲ့တပည့်တော်ကြီးတွေကို သာသနာပြုဖို့၊ဧဝံဂေလိသတင်းကောင်းကို ဟောပြောဖို့ စေလွှတ်တဲ့အခါမှာ သူတို့အတွက် ကြောက်ရမယ့်အကြောင်းတရား၊ အတွင်းကော အပြင်ကော မရှိဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအကြောက်တရားတွေထက် အနှိုင်းအဆမဲ့ ကြီးမြတ်တဲ့ ဘုရားရှင်ဟာ သူတို့ရဲ့အမာခံတစ်ဆူတည်းသော ဆရာဖြစ်ပြီး အထူးဂရုစိုက်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဘယ်လောက်ထိ ဂရုစိုက်လည်းဆိုတော့ ဦးခေါင်းမှာရှိတဲ့ဆံပင်တို့ ကိုပင်ရေတွက် ထားပါတယ်တဲ့။ဒီလောက အသက်ရှင်တဲ့အခါ ဘုရားသခင်နဲ့အတူလျှောက်လှမ်းရှင်သန်တဲ့အခါ၊ဘုရားပေးတရားတွေနဲ့ မှန်မှန်ကန်ကန် အသက်ရှင်ကြတဲ့အခါ၊ ရိုးရိုးသားသားလျှောက်လှမ်းတဲ့အခါ ကျွန်ုပ်တို့ ကြောက်ရမယ့် အကြောင်းတရားဆို မရှိတော့ပါဘူး။ဖုံးကွယ်ထားတဲ့အရာဆိုတာလည်း ပွင့်လင်းလာရစမြဲ။ ဆိတ်ကွယ်ရာမှာပြုမှုဆောင်ရွက်သမျှဟာလည်း ပြန်ပေါ်လာရစမြဲပါ။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်က"ကိုယ်ခန္ဓာကိုသတ်၍ ဝိညာဉ်ကို မသတ်နိုင်သောသူတို့အား မကြောက်ကြနှင့်။ဝိညာဉ်နှင့်ကိုယ်ခန္ဓာကိုပါငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာကြောက်ကြလော့။"လို့ဆုံးမထားပါတယ်။သင့်ဘဝမှာ ဘယ်အရာတွေကိုသင်ကြောက်နေပါသလဲ။ ခန္တာကိုယ်ကို ထိခိုက်စေမယ့်အရာတွေကိုကြောက်နေမိသလား။ စိတ်ဝိညာဉ်ကို ထိခိုက်စေမယ့်အရာတွေကို ကြောက်နေမိလား။ ခန္တာ၊ စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ထိခိုက်စေမယ့်အရာတွေ ကြောက်နေမိလား။ အကြောက်တရားတွေထက်အနှိုင်းဆမဲ့ ပိုမိုကြီးမြတ်တဲ့ ဘုရားရှင်ဟာသင့်ကိုဂရုစိုက်တယ်ဆိုတာသင်သတိထားမိရဲ့လား။

Daily Reflection