Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-15 06:47:22

16.7.2023 – 15th Sunday in Ordinary Time.
(၁၅) ကြီမ်မြောက် သာမန်တနင်္ဂနွေနေ့ (A)

သီးနှံများ ဝေဝေဆာသီးပွင့်နိုင်စေဖို့ဘုရားရှင်ရဲ့ကျေးဇူးတော်မိုးရွာသွန်းခြင်းကို ခံယူသိမ်းဆည်းနိုင်တဲ့စိုက်ခင်း(ယာ)မြေဆိုတာက ခြုံရှင်းပေါင်းသင်၊ထယ်ထိုးထွန်ယက်ထားတဲ့မြေသာ ဖြစ်ပါတယ်။လူ၊တိရိစ္ဆာန်တို့ဖြတ်သွားရာကျစ်လစ်သိပ်သည်းနေတဲ့လမ်း၊မာကြောနေတဲ့ ကျောက်ပေါများရာနေရာ၊ ခြုံနွယ်ထူထပ်မင်းမူရာအရပ်ပမာ မာနကြီးလွန်းသူ၊အထက်စီးဆန်တတ်သူဖြစ်နေခဲ့ရင်ကျေးဇူတော်မိုးရေကို ပြည့်ဝခံယူဖို့မလွယ်ကူနိုင်တော့ဘူးပေါ့။ သင့်ရဲ့တာဝန်က ခြောက်သွေ့နေတဲ့ရာသီမှာတောင်အသင့်ပြင်ဆင်ထားသောမြေအမျိုးအစားဖြစ်နေပါမှ မိုးရွာသွန်းပေးလိုက်တဲ့အချိန်မှာ ခံယူသိမ်းဆည်းနိုင်ပြီး မျိုးစေ့လေးများကိုအပင်လေးတွေ ပေါက်ပြီးရှင်သန်စေနိုင်ပါလိမ့်မယ်။ကြေမွကွဲအက်အောင် ထယ်ထိုးထွန်ယက်ခြင်းဆိုတာကသင့်ရဲ့အတွင်းပိုင်းကုစားခြင်းတစ်မျိုးပါပဲ။အဓိပ္ပါယ်ကတော့ သင့်ရဲ့ဒေါသစိတ်၊ခံပြင်းစိတ်၊နာကြဉ်းစိတ်၊မာနစိတ်၊ကြောက်ရွံ့စိတ်နဲ့ လိပ်ပြာမလုံသောစိတ်များကို မြှုပ်နှံလိုက်ခြင်း၊ညက်ညက်ကျေအောင် ချိုးဖဲ့ဖျက်ဆီးလိုက်ခြင်းသဘောပါပဲ။ယင်းအဖျက်စိတ်သဘောထားများကို ခွင့်လွတ်ခြင်းထယ်သွားနဲ့ ထွန်ယက်လိုက်ခြင်း၊ချစ်မေတ္တာများနဲ့ ကရုဏာသနားခြင်းများထွန်သွားများနဲ့ ကြေညက်ချေဖျက်လိုက်ခြင်းလို့ပုံခိုင်းနှိုင်းကြည့်နိုင်ပါတယ်။မြေကြီးက ဘယ်တော်မှ ခုခံတုန့်ပြန်လေ့မရှိဘူး။နေရောင်ခြည်ကို ခံယူတတ်သလို မိုးရေကိုလည်း စုပ်ယူတတ်ပြီး ပုံသွင်းပြုပြင်(ကုစား)ပေးတဲ့အတိုင်းလိုက်လျောနာခံတတ်ပါတယ်။ ထိုနည်းအတူ သင်လည်း ဘုရားရှင်ရဲ့ ကျေးဇူးတော်မိုးရေကိုတန်ဖိုးထားခံယူတတ်ရပါမယ်။လယ်(ယာ)သမားကြီးက သူ့ရဲ့ယာမြေကြီး ကို မြတ်နိုးပြီးအမြဲတမ်း အနစ်နာခံစိတ်နဲ့ ပြုပြင်မွမ်းမံလေ့ရှိတယ်။ မျိုးကြဲသူနဲ့မျိုးစေ့တို့ကြားမှာလည်းတွေးကြည့်နိုင်သလောက်စိစစ်ရွေးချယ်တန်ဖိုးထားကရုစိုက်မှုဆိုတာ ရှိတာကို တွေ့ရပါတယ်။မြေအောက်ကမျိုးစေ့၊ ဆိတ်ငြိမ်နေတဲ့အပင်၊ဆောင်းခိုနေတဲ့ငှက်၊ပိုးအိမ်ထဲက ပေါက်ဖတ်တွေဆိုတာ သေဆုံးနေကြတာမဟုတ်ဘူး။ သင့်လျှော်တဲ့အချိန်အခါ၊ လုံလောက်တဲ့အလင်း၊အနွေးဓါတ်၊မိုးရေစတဲ့အရာတွေကို မျှော်လင့်စောင့်ကြိုနေခြင်းဖြစ်ပြီးအချိန်ကျရောက်တဲ့အခါသူတို့အားလုံးဟာပေါ်ထွက်ရှင် သန်လာကြပါတယ်။မိမိတို့ပျိုးခဲ့တဲ့မျိုးစေ့၊ပြုစုခဲ့တဲ့ပန်းပင်၊ယုယခဲ့တဲ့ အိမ်မွေးသတ္တဝါတွေအခုလို အချိန်အခါနဲ့ရှင်သန်ပွင့်လန်းလာတဲ့အခါမိမိတို့ ပီတိအပြုံးတွေနဲ့ခံစားကြည်နူးခဲ့ရပါတယ်။ဘုရားရှင်ရဲ့နိုင်ငံတော်ဆိုင်ရာပြောင်းလဲတိုးတက်မှုဆိုတာကလည်း မျိုးစေ့ကြဲခြင်းပုံပမာနည်းတူတိတ်ဆိတ်လျှို့ဝှက်တဲ့ဖြစ်စဉ်တစ်ရပ်ပါပဲ။ လူတွေမသိ၊မမြင်နိုင်ပေမယ့်ဘုရားရှင်က မျိုးစေ့လေးတွေကိုတဖြည်းဖြည်းရှင်သန်စေပါတယ်။ ဆုတောင်းခြင်းနဲ့စွန့်လွတ်အနစ်နာခံခြင်းတွေရဲ့စွမ်းပကားတွေအတူပူးပေါင်းလုပ်ဆောင်နေပါတယ်။မျိုးကြဲသူပုံဥပမာလေးမှာ ယေဇူးဘုရားရှင်ကမိမိတို့အားလုံးကို အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ဖို့ မိန့်မှာသွန်သင်နေပါတယ်။ နှုတ်ကပါတ်တော်မျိုးစေ့ကို တန်ဖိုးထားခံယူကြရမယ် (ယုံကြည်ခြင်း)။ နှုတ်ကပါတ်တော်ရဲ့စွမ်းပကားကိုယုံကြည်စိတ်ချကြရမယ်(မျှော်လင့်ခြင်း)။ သေဆုံးပြောင်းလဲဖို့(သို့)အနစ်နာခံစွန့်လွတ်ဖို့အဆင်သင့်ရှိရပါမယ်(ချစ်ခြင်း)။မိမိတို့ရဲ့နှလုံးသားတံခါးကိုဖွင့်ပြီး လိုအပ်ချက်များကိုဖြည့်ဆည်းလုပ်ဆောင်ခဲ့ရင်ဘုရားရှင်ရဲ့နှုတ်ကပါတ်တော်က မိမိတို့ဘဝကိုပြောင်းလဲသစ်လွင်စေပါလိမ့်မယ်။ချစ်ခြင်း၊ကောင်းမြတ်ခြင်းအသီးအပွင့်များကိုဝေဆာသီးပွင့်စေပါလိမ့်မယ်။

Daily Reflection