17.7.2023 –15th Monday in Ordinary Time.
ဇူလိုင်လ (၁၇) ရက် ၂၀၂၃ (၁၅)ကြိမ်မြောက် သာမန်တနင်္လာနေ့ (A)
ပထမကျမ်း ။ ။ ထွက်မြောက် ၁း ၈ - ၁၄၊ ၂၂
ဧဝံဂေလိကျမ်း။ ။ မာတေဦး ၁၀း ၃၄ - ၁၁း ၁, Matthew 10:34-11:1
Reflection by Rev. Fr. Paul Thu Reh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ထောက်ရှုချက်“ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန်ငါလာသည်ဟု မထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန်ငါလာသည်မဟုတ်။ဓားကိုဆောင်ကြဉ်းပေးရန်သာငါလာ၏။ အကြောင်းမူကားသားနှင့်အဖ၊သမီးနှင့်အမိ၊ချွေးမနှင့်ယောက္ခမ၊အချင်းချင်းစိတ်ဝမ်းကွဲစေအံ့သောငှာ ငါလာ၏။”(မာတေဦး ၁၀း ၃၄-၃၅)ဒီကနေ့ဧဝံဂေလိကျမ်းစာတော်ထဲမှာ သခင်ခရစ်တော်ကငြိမ်းချမ်းခြင်းကိုယူဆောင်လာသည်မဟုတ်ဘဲ၊ဓါးကိုယူလာတာလို့ ပြောပါတယ်။ ဤကျမ်းပုဒ်များကိုကြား လိုက်သောအခါ၊ငြိမ်းချမ်းခြင်း၏ဘုရင်၊ချစ်ခြင်းမေတ္တာ၏ဘုရားရှင်အဖြစ်ယုံကြည်လက်ခံထားတဲ့ကျွန်တော်တို့ခရစ်ယာန်တွေဟာ ကျွန်ုပ်တို့၏ ယုံကြည်လက်ခံချက်နဲ့ဆန့်ကျင်နေတယ်လို့ထင်ကောင်းထင်မြင်မိမယ်။တကယ်တော့'ဓါး'ယူဆောင်လာသည်ဟု သခင်ခရစ်တော်မိန့်ဆိုခြင်းသည်သူဟာရုပ်ပိုင်းဆိုင်ရာလက်နက်ကိုရည်ညွှန်းတာ(သို့မဟုတ်) အကြမ်းဖက်မှုကို မြှင့်တင်တာမဟုတ်ပါဘူး။ထိုအစား၊သူဟာဘုရားရဲ့နုတ်ကပါဌ်တော်ကိုယုံကြည်လက်ခံတဲ့သူနှင့်မယုံကြည်သူတို့အကြားကွဲပြားခြားနားခြင်းအကြောင်းကိုတင်စားခေါ်ဆိုတာဖြစ်တယ်။သခင်ခရစ်တော်၏နှုတ်ကပါဠ်တော်ကို ယုံကြည်လက်ခံသူတွေနဲ့ဆန့်ကျင်သူတွေကြားမှာ ပဋိပက္ခများနှင့်ကွဲလွဲမှုများကို ဖြစ်ပေါ်စေနိုင်တယ်။မိသားစုအတွင်းမှာတောင်ဘုရားသခင်၏နုတ်ကပါဠ်တော်ကိုလက်ခံသူနှင့်လက်မခံသူများစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။မကောင်းမူဒုစရိုက်ကို ခင်တွယ်ချင်နေတဲ့သူနှင့်ဘုရားရဲ့နုတ်ကပါဌ်တော်ကို ကြားနာပြီးပြောင်းလဲချင်တဲ့သူတွေကြားကွဲပြားသွားတတ်တယ်။စစ်မှန်တဲ့ခရစ်တော်၏တပည့်ဖြစ်ခြင်းဟာအမြဲတမ်းလွယ်ကူမှာမဟုတ်ဘူး။ခရစ်တော်၏သွန်သင်ချက်တွေအတိုင်းလိုက်လျှောက်ခြင်းသည်တစ်ခါတစ်ရံမှာခက်ခဲတဲ့ရွေးချယ်မှုတွေနဲ့ စမ်းသပ်မှုများကိုဖြစ်ပေါ်တတ်ပါတယ်။သခင်ယေရှု၏သွန်သင်ချက်ကို လိုက်လျှောက်ရာမှာအခြားအရာအားလုံးထက်ဘုရားသခင်အပေါ်ယုံကြည်ခြင်းကိုဦးစားပေးဖို့ရန်လိုပါတယ်။ဒီလိုမှမလုပ်ရင် ကိုယ်တော်ကကျွန်ုပ်တို့ကို “အဖသို့မဟုတ်အမိ၊သား သို့မဟုတ်သမီးကို ငါ့ထက်ပို၍ချစ်သောသူသည်ငါနှင့်မထိုက်တန်။”အရာအားလုံးထက်ဘုရားသခင်ကို ဦးစားပေးချစ်ခင်ရမည်ဖြစ်တယ်။ငါတို့မိဘကိုချစ်သင့်တာမှန်တယ်။သားသမီးတွေကို ချစ်သင့်တာမှန်တယ်။ငါတို့လင်မယားကိုချစ်ရမယ်မှန်တယ်။သို့သော်ကျွန်ုပ်တို့၏ပထမဆုံးဦးစားပေးတာဝန်မှာဘုရားသခင်ကို ဦးစွာချစ်ရမှာဖြစ်တယ်။ကောင်းမြတ်ခြင်းတရား၊ အမှန်တရား၊ တရားမျှတခြင်းကို ဦးစွာချစ်ရမှာ ဖြစ်တယ်။အမှန်တရားကို ဆုပ်ကိုင်ဖို့၊ခရစ်တော်၏ခြေရာကို လိုက်လျှောက်ဖို့၊ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူအားလုံးကို မေတ္တာနဲ့ နားလည်မှု တိုးပွားဖို့ တောင်းဆိုနေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ဟာယုံကြည်ခြင်းခရီးလမ်းမှာကျွန်ုပ်တို့တစ်ဦးတည်းလျှောက်လှမ်းခြင်း မဟုတ်ကြောင်းကို သိရှိပြီးတော့၊ဒုက္ခနှင့်ရင်ဆိုင်သည့်တိုင်သတ္တိရှိ၍ နှုတ်ကပါတ်တော်အတိုင်းအသက်ရှင်နေထိုင်ရဲတဲ့၊စစ်မှန်တဲ့ သခင်ခရစ်တော်ရဲ့နောက်လိုက်သူတွေ ဖြစ်ကြဖို့ ကြိုးစားသွားကြပါစို့။ဘုရားကိုပိုပြီး ယုံကြည်သက်ဝင်ကာဘဝကိုပျော်ရွှင်စွာနဲ့လျှောက်လှမ်း ရှင်သန်နိုင်ကြပါစေ။