Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-17 06:18:45

18.7.2023 – 15th Tuesday in Ordinary Time.
ဇူလိုင်လ (၁၈ရက် ၂၀၂၃, (၁၅ကြိမ်မြောက်သာမန်အင်္ဂါနေ့ (A)
ပထမကျမ်း။      ။ ထွက်မြောက် ၂း ၁-၁၅
ဧဝံဂေလိကျမ်း။    ။ မာတေဦး ၁၁း ၂၀၂၄, Matthew 11: 210-24
Reflection by Rev. Fr. Paul Thu Reh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထောက်ရှုချက်ဒီကနေ့ဧဝံဂေလိကျမ်းစာတော်ထဲမှာသခင်ခရစ်တော်ဟာ သူ၏တန်ခိုးလက္ခဏာကိုလူတွေက မျက်မြင်တွေ့ခဲ့ရပေမယ့်ယုံကြည်ဖို့၊လက်ခံဖို့၊နောင်တရဖို့မရှိကြတဲ့ သူတွေကိုသခင်ယေဇူးက စိတ်ပျက်မိခဲ့တဲ့အကြောင်းကိုတွေ့ရပါတယ်။သခင်ယေဇူးက မြို့သုံးမြို့ကို အမင်္ဂလာရှိတဲ့မြို့တွေ၊ဘုရားရဲ့အပြစ်ပေးခြင်းကို ခံထိုက်တဲ့မြို့တွေဖြစ်တယ်လို့ကဲ့ရဲရှုတ်ချခဲ့ပါတယ်။အံ့ဖွယ်သောတန်ခိုးလက္ခဏာကို များစွာလုပ်ဆောင်ခဲ့ပေမယ့်ခိုရာဇင်မြို့၊ဘက်ဇိုင်းဒါမြို့၊ တီရာနှင့်စီဒွန်မြို့သူမြို့သားတွေက လက်မခံကြ၊မယုံကြည်ကြ၊ နောင်တလည်းမရကြပါဘူး။သခင်ခရစ်တော်၏ အံ့ဖွယ်သောတန်ခိုးလက္ခဏာပြသတာဟာဘုရားသခင်၏ လေးနက်တဲ့ချစ်ခြင်းမေတ္တာ၊မဟာကရုဏာတော်၊အမှန်တရားကို ပြသတာဖြစ်ပါတယ်။ခရစ်တော်ရဲ့သတင်းကောင်းကိုဝေမျှရာမှာသူတပါးကလက်ခံပြီး ပြောင်းလဲလို့ပျော်ရွှင်ရတဲ့အချိန်ရှိသလိုငြင်းပယ်လို့ ဝမ်းနည်းရတဲ့အချိန်တွေလည်းရှိတယ်။ ထိုအချိန်မှာသတိရရမှာက လက်ခံရင်ခရစ်တော်ကို လက်ခံခြင်းဖြစ်ပြီးတော့ငြင်းပယ်ရင်ခရစ်တော်ကို ငြင်းပယ်တာဖြစ်တယ်လို့ ဆိုတာပါပဲ။ခရစ်တော်ကိုငြင်းပယ်ခြင်းဟာ နောင်တယူဖို့ ငြင်းပယ်ခြင်းဖြစ်ပြီး၊ထာဝရအသက်ကို ငြင်းပယ်ခြင်းလည်းဖြစ်တယ်။ ဒီယနေ့ကျမ်းပိုဒ်ဟာ ဘုရားသခင်၏သတင်းစကားကို လေးနက်စွာလက်ခံယုံကြည်ပြီး နောင်တယူဖို့၊ပြောင်းလဲဖို့ အရေးကြီးကြောင်းကိုသွန်သင်ဆုံးမ သွားတာဖြစ်တယ်။နောင်တရခြင်းဆိုတာ မိမိဘဝကို လုံးလုံးလျား လျားဘုရားသခင်ထံသို့ ပြောင်းလဲအသက်ရှင်သန်တာဖြစ်တယ်။နောင်တရကြဖို့အားလုံးကို ခရစ်တော်ဖိတ်ခေါ်နေပါတယ်။ခရစ်တော်ရဲ့ဖိတ်ခေါ်သံကိုကြားပြီးနောင်တတရားဖြင့်ဘုရားသခင်ထံပြန်လာနိုင်ရန် ကြိုးစားကြပါစို့။

 

Daily Reflection