Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-18 18:03:05

၁၉ . ၇ . ၂၀၂၃ ၁၅ကြိမ်မြောက် သာမန်ကာလ (ဗုဒ္ဓဟူးနေ့)
ဧ၀ံဂေလိကျမ်း။ ။ ရှင်မာတေဦး (၁၁း ၂၅ - ၂၇)
Reflection By Deac. Gabriel Khun Ri, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 

**ထောက်ရှုချက်**ကိုယ်တော်သည်ပညာရှိသူတို့အား ဤအရာများကို ထိမ်၀ှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အားဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။(ရှင်မာတေဦး ၁၁း ၂၅)ဒီကနေ့ ဧ၀ံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက အတ္တမာနကြီးတဲ့ အဲဒီခေတ်က စာပေကျမ်းဂန်ပိုင်နိုင်သူတွေနဲ့ ဖာရီဇေဦးတို့ကို ပညာရှိသူတွေအဖြစ် ခနဲ့ခေါ်၀ေါ်ခဲ့ပြီးကိုယ်တော့်နောက်လိုက် တပည့်တော်တွေကိုတော့ ကလေးသူငယ်တွေ ဆိုပြီးတော့ တင်စားခေါ်ဆိုတာ တွေ့ရပါတယ်။လိုက်လို့မမှီနိုင်အောင်တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးမှာဘုရားရဲ့ နှုတ်တော်ထွက်စကားနဲ့တရားတော်ကို ပုတ်ခတ်ပြောဆို၊ တိုက်တိုက်ထိုးနှက်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုရှိလာနေပါတယ်။ သူတို့တတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အသိညာဏ်၊ တီထွင်ကြံဆမှုလေးတွေနဲ့အရာအားလုံးစုံကို ဖန်ဆင်းစိုးပိုင်တဲ့ဘုရားသခင်ကိုအံတုချင်ကြတယ်။အမှန်တော့ဘုရားသခင်ကလူတွေအသိပညာရှိတာကိုမလိုလားတာ မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းဘုရားဆီကရရှိထားတဲ့ အသိပညာ အရည်အချင်းကို တိုးပွားအောင်ကြံဆောင်ဖို့ကိုယ်တော်ရှင်ကိုယ်တိုင် အတိအလင်းတိုက်တွန်းထားလို့ဖြစ်ပါတယ်။ကိုယ်တော်မနှစ်ခြိုက်တာက အဲဒီလို လူတွေအသိပညာ၊ အတတ်ပညာလေး နည်းနည်းရလာတာနဲ့ လောဘမာနတွေတက်ပြီး ကိုယ်တော်ရဲ့ ထာ၀ရတည်တဲ့ သမ္မာတရားတော်ကိုဆန့်ကျင်တိုက်ခိုက်တာကိုပါ။ ဒါကြောင့် သခင်ယေဇူးက အကယ်၍ တစ်စုံ တစ်ယောက်ရဲ့စိတ်ထဲမှာ ပညာမာနဖုံးလွှမ်းနေမယ်ဆိုရင် အမှန်တရားကို မမြင်နိုင်ဘဲ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ၀ေးနေမှာဖြစ်တဲ့အကြောင်းကိုဒီနေ့ကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို သတိပေးနေတာဖြစ်တယ်။တစ်ဖက်မှာ ကိုယ်တော်ကတတ်သိပညာများစွာမပိုင်ဆိုင်ထားသည့်တိုင် ကလေးသူငယ်တွေလို ရိုးသားဖြောင့်မတ်ပြီး ဘုရားသခင်ကို လုံးလုံးလျားလျား မှီခိုအားကိုးတတ်တဲ့ စိတ်မျိုးထားရှိမှသာကောင်းကင်နိုင်ငံတော်ရဲ့ စုံလင်ခြင်းအသက်တာကို ရရှိနိုင်ဖို့ အာမခံချက်ရှိတယ်ဆိုတာကျွန်ုပ်တို့ကို သွန်သင်ခြင်းဖြစ်ပါတယ်။ဒါကြောင့် ဆက်လက်ပြီးရှင်သန်ရမယ့် ကျွန်ုပ်တို့တစ်ယောက်စီရဲ့ ဘ၀အသက်တာမှာကျွန်ုပ်တို့ကိုကိုယ်တော်ရှင်ရဲ့တရားလမ်းနဲ့ ၀ေးကွာစေနိုင်တဲ့၊ ဘုရားသခင်ကို မထီမဲ့မြင်ပြုတဲ့၊ မာန်မာနတွေနဲ့ပြည့်နှက်နေတဲ့စိတ်ထားမျိုးကို ရှောင်ရှားပြီး  ကလေးသူငယ်တစ်ယောက်လို ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်အားကိုးတဲ့စိတ်ထားမျိုးရှိအောင် အမိမယ်တော်မှတဆင့် ဘုရားရှင်ထံ ဆုတောင်းကြပါစို့။

 

 

Daily Reflection