၁၉. ၇. ၂၀၂၃ - (၁၅) ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Reflection By Deac Gabriel Khun RL, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဧဝံဂေလိကျမ်း၊။ ရှင်မာတေဦး (၁၁း၂၅ - ၂၇)
*ထောက်ရှုချက်*ကိုယ်တော်သည်ပညာရှိသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက်ငယ်ထွက်အားဖော်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။(ရှင်မာတဦး ၁၂) ဒီကနေ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက အတ္တမာနကြီးတဲ့..အဲဒီခေတ်က စာပေကျမ်းဂန်ပိုင်နိုင်သူတွေနဲ့ ဖာရီဇေဦးတို့ကို ပညာရှိသူတွေအဖြစ်ခန့်ခေါ်ဝေါ်ခဲ့ပြီးကိုယ်တော့်နောက်လိုက်တပည့်တော်တွေကိုတော့ ကလေးသူငယ်တွေဆိုပြီးတော့တင်စားခေါ်ဆိုတာ တွေ့ရပါတယ်။လိုက်လို့မမှီနိုင်အောင်တိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးမှာ ဘုရားရဲ့နှုတ်တော်ထွက်စကားနဲ့တရားတော်ကိုပုတ်ခတ်ပြောဆို၊ တိုက်တိုက်ထိုးနက်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုရှိလာနေပါတယ်။သူတို့တတွေဟာ သူတို့ရဲ့. ကိုယ်ပိုင်အသိညာဏ်၊တီထွင်ကြံဆမှုလေးတွေနဲ့အရာအားလုံးစုံကို ဖန်ဆင်းစိုးပိုင်တဲ့ဘုရားသခင်ကိုအံတုချင်ကြတယ်။အမှန်တော့ဘုရားသခင်ကလူတွေအသိပညာရှိတာကို မလိုလားတာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်း ဘုရားဆီကရရှိထားတဲ့ အသိ ပညာ အရည်အချင်းကိုတိုးပွားအောင်ကြံဆောင်ဖို့ကိုယ်တော်ရှင်ကိုယ်တိုင်အတိအလင်းတိုက်တွန်းထားလို့ဖြစ် ပါတယ်။ ကိုယ်တော်မနှစ်ခြိုက်တာက အဲဒီလိုလူတွေအသိပညာ၊ အတတ်ပညာလေး နည်းနည်းရလာတာနဲ့ လောဘမာနတွေတက်ပြီးကိုယ်တော်ရဲ့ ထာဝရတည်တဲ့ သမ္မာတရားတော်ကို ဆန့်ကျင်တိုက်ခိုက်တာကိုပါ။ ဒါကြောင့် သခင်ယေဇူးက အကယ်၍တစ်စုံတစ်ယောက်ရဲ့စိတ်ထဲမှာ ပညာမာနဖုံးလွှမ်းနေမယ်ဆိုရင်အမှန်တရားကို မမြင်နိုင်ဘဲ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ဝေးနေမှာဖြစ်တဲ့အကြောင်းကို ဒီနေ့ကျမ်းစာအားဖြင့်ကျွန်ုပ်တို့ကို သတိပေးနေတာဖြစ်တယ်။တစ် ဖက်မှာ ကိုယ်တော်က တတ်သိပညာများစွာမပိုင်ဆိုင်ထားသည့်တိုင်ကလေးသူငယ်တွေလို ရိုးသားဖြောင့်မတ်ပြီး ဘုရားသခင်ကို လုံးလုံးလျားလျားမှီခိုအားကိုးတတ်တဲ့ စိတ်မျိုးထားရှိမှသာ ကောင်းကင်နိုင်ငံတော်ရဲ့စုံလင်ခြင်းအသက်တာကို အာမခံချက်ရှိတယ်ဆိုတာ ကျွန်ုပ်တို့ကိုသွန်သင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဆက်လက်ပြီးရှင်သန်ရမယ့်.ကျွန်ုပ်တို့တစ်ယောက်စီရဲ့ ဘဝအသက်တာမှာ ကျွန်ုပ်တို့ကိုကိုယ်တော်ရှင်ရဲ့တရားလမ်းနဲ့ ဝေးကွာစေနိုင်တဲ့၊ဘုရားသခင်ကို မထီမဲ့မြင်ပြုတဲ့၊ မာန်မာနတွေနဲ့ပြည့်နှက်နေတဲ့စိတ်ထားမျိုးကို ရှောင်ရှားပြီး ကလေးသူငယ်တစ်ယောက်လိုဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်အားကိုးတဲ့ စိတ်ထားမျိုးရှိအောင်အမိမယ်တော်မှတဆင့်ဘုရားရှင်ထံဆုတာင်ကြပါစို့။