22.7.2023 - 15th Week in Ordinary time Friday
၁၅ ကြိမ်မြောက် သာမန်ကကာလသောကြာနေ့
ရှင်ယောဟန် ၂၀:၁-၂, ၁၁-၁၈
Reflection By Rev. Fr. Michael Tony, OP
Posted by sr. Benedetta Myat Hnin Nwe(ISR)
လူတွေဆိုတာ အာရုံစူးစိုက်မူတစ်ခုကိုပြုပြီဆိုရင်နောက်တစ်ခုအာရုံစိုက်ဖို့ဆိုတာမလွယ်ပါဘူးဝမ်းသာတဲ့အချိန် ဝမ်းနည်းတဲ့အကြောင်းရာတစ်ခုကို အာရုံစူးစိုက်ဖို့ဆိုတာ မလွယ်ပါဘူး။အဆင်ပြေတဲ့အခါ အဆင်မပြေတဲ့အကြောင်းအာရုံစိုက်ပြီးစဉ်စားဖို့ဆိုတာ တွေရဲ့ အားနည်းတတ်တဲ့သဘောရှိတတ်ပါတယ်.။ဒါကြောင့် ဒီနေ့ ဧဝံဂေလိကျမ်းထဲမှာ မာရီယားမာဒလေးနာဟာ အကြောင်းအမျိုးမျိုးအတွေးပေါင်း များစွာနဲ့ အာရုံစူးစိုက်မူနည်းတဲ့အတွက်ကြောင့်ရှင်ပြန်ထမြောက်တဲ့သခင်ခရစ်တော်ကို မမှတ်မိနိုင်ခဲ့ပါဘူး။တို့ရဲ့ နေ့စဥ်ရှင်သန်နေတဲ့အသက်တာတွေမှာ လမ်းပျောက်ပြီး ဘုရားရှင်ကို မမှတ်မိနိုင်| မမြင်တွေ့နိုင်တဲ့အခါတွေရှိတတ်ပါတယ်။ ဒါကြောင့်မို့သတိမမူရင် ဂူမမြင်ဘူး ဆိုတဲ့စကားအတိုင်းတို့ရဲ့ဘဝမှာအားရုံစူးစိုက်တတ်ဖို့လိုပါတယ်။ နေ့စဉ်နေ့တိုင်းခံစားရရှိတဲ့ ကျေးဇူးတော်တွေကိုရေတွက်ရင်းဘုရားရှင်ကိုရှာဖွေသွားကြပါစို့။