Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-22 10:34:10

23.7.2023 - 16th Week in Ordinary time Sunday
၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ (၂၃) ရက် (၁၆) ကြိမ်မြောက် သာမန်ကာလတနင်္ဂနွေနေ့
ပထမကျမ်း ။         ။ ပညာပါရမီ ၁၂း ၁၃၊ ၁၆-၁၉
ဒုတိယကျမ်း ။        ။ ရောမ ၈း ၂၆-၂၇
ဧဝံဂေလိကျမ်း ။       ။ မာတေဦး ၁၃း ၂၄-၃၄
Reflection By Rev. Fr. Paul Thu Reh OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာ လယ်လုပ်သားတချို့တွေဟာ စိတ်ရှည်စွာနဲ့အချိန်စောင့်ဆိုင်းဖို့၊သည်းခံဖို့ရန် ခက်ခဲတဲ့အကြောင်းကြားခဲ့ရပါတယ်။ လယ်သမားတွေက၊ဂျုံစပါးခင်းထဲမှာ မလိုလားအံ့တဲ့ မြက်ပင်၊ပေါင်းပင်တွေကို ချက်ခြင်းအမျှစ်ပါနှုတ်ပစ်ဖို့ဆန္ဒပြင်းပြကြပါတယ်။သို့ပေမယ့်လည်း ခရစ်တော်ရဲ့ဆုံးမစကားဟာ မှတ်သားစရာကောင်းလှပါတယ်။သခင်ယေဇူးက ရိတ်သိမ်းတဲ့အချိန်ရောက်တဲ့အခါ အရင်ဆုံးမြက်ပင်တွေကို ရိတ်သိမ်းပြီး မီးရှို့ခိုင်းမယ်။ ကောင်းတဲ့ ဂျုံစပါးတွေကျတော့ စပါးကျီထည့်မှာ သိမ်းထားခိုင်းမယ်တဲ့။ဆိုလိုတာက အကောင်းနှင့်အဆိုး၊အမှားနဲ့အမှန်၊ အတုနဲ့အစစ်၊ဓမ္မနှင့်အဓမ္မ ရောထွေးနေတဲ့ ဒီလောကကြီးထဲမှာ အမှန်တရားပေါ်ပေါက်လာဖို့အတွက် အချိန်ယူပြီး သည်းခံဖို့ လိုအပ်တယ်လို့ ဆိုလိုတဲ့သဘောပါပဲ။အဓိကကတော့ စိတ်လိုက်မှန်ပါ မလုပ်မိစေဖို့၊အရာရာတိုင်းကို အလျှင်စလိုမဆုံးဖြတ်မိဖို့၊သူတပါးရဲ့လုပ်ရပ်၊သူတပါးရဲ့အပြစ်ကိုအလွယ်တကူစီရင်မဆုံးဖြတ်မိစေဖို့ရန်အတွက် သတိပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ တရားကျင့်ရမှာက စိတ်ရှည်သည်းခံရမယ်။ ကိုယ်ချင်းစာ စိတ်ရှိရပါမယ်။မြက်ပင်၊ပေါင်းပင်ကဲ့သို့သောလူမျိုးကို အလျှင်စလိုမသွန်းသင်၊မရှင်းလင်းဖို့ ဖြစ်တယ်။တစ်ပါးသူ၏ လုပ်ရပ်မှားတစ်ခုနဲ့ သူ့ရဲ့ပင်ကိုယ်တစ်ခုလုံး မကောင်းပါဘူးလို့ သတ်မှတ်လို့မရပါဘူး။ သူ့ရဲ့လုပ်ရပ် အမှားတစ်ခုစီကိုပဲ အပြစ်တင်ရမယ်။ဒါပေမယ့်လူကိုတော့ လုံးဝဉဿုံမစီရင်ဖို့ လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စီရင်ဆုံးဖြတ်ခြင်းသည်ဘုရားသခင်နဲ့ သက်ဆိုင်လို့ပဲဖြစ်တယ်။ဒီကနေ့ ပထမကျမ်းမှာကြားရသလိုမျိုး ဘုရားသခင်ရဲ့ စီရင်ချက်ဟာအမြဲတမ်းမှန်ကန်ပါတယ်။ မြက်ပင်ကဲ့သို့သောသူသည် ဘုရားသခင် စီရင်လိမ့်မယ်။ဒါကြောင့် မြက်ရိုင်းပင်တွေကို ကျွန်တော်တို့ သုတ်သင်ဖို့ အခွင့်မရှိပါဘူး။ဘုရားသခင်တစ်ပါးတည်းသာလျှင်အခွင့်ရှိပါတယ်။မြက်ပင်ကြားမှာ ဂျုံစပါးကြီးထွားလာသလို အခက်ခဲတွေကြား၊စိန်ခေါ်မှုတွေကြား၊နှောက်ယှက်မှု တွေကြား၊ကျွန်တော်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲဖို့၊ ဘုရားသခင်ရဲ့ အစီအစဉ်နဲ့ တရားမျှတမူကို ယုံကြည်ကိုးစားဖို့ ကြိုးစားအားထုတ်ကြပါစို့။ ကျွန်တော်တို့လုပ်ဆောင်သမျှအရာရာတိုင်းမှာဘုရားသခင်၏လမ်းညွန်မှု၊ကျေးဇူးတော်ကို ခံယူပြီး ဘုရားသခင်အပေါ်ကတိပြုခဲ့တဲ့ကတိသိစ္စာတွေကို သစ္စာရှိရှိ ဆက်လက်အသက်ရှင်သွားကြပါစို့။

 

Daily Reflection