24.7.2023 - 16th Week in Ordinary time Monday
၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ (၂၃) ရက် (၁၆) ကြိမ်မြောက် သာမန်ကာလတနင်္လာနေ့
ဧဝံဂေလိကျမ်း ။ ။ မာတေဦး ၁၂း ၃၈-၄၂
Reflection by Br. Alphonso N.K.H, O.P
Posted by sr. Benedetta Myat Hnin Nwe(ISR)
ယုံကြည်ခြင်းဆိုတာ ဘုရားကိုယုံကြည်ပြီး သားတော်ဘုရားကို ကျွနိုပ်တို့ ဘဝအသက်တာမှာလက်ခံထားခြင်းဖြစ်တယ်။သခင်ယေဇူးမိန့်ခဲ့တာကတော့"ငါ့ကို လက်ခံသောသူသည်ငါ့ကိုစေလွတ် တော်မူသောခမည်းတော်ကို လက်ခံ၏"လို့ ရှင်မာတေးဦးကျမ်းမှာဆိုထားပါတယ်။ ဒါပေမဲ့ ဒီကနေ့ကျမ်းစာတော်မြတ်ကို ပြန်ကြည့်တဲ့အခါမှာကျမ်းတတ်ဆရာတွေနဲ့ ဖာရီဇေဉီးတွေကလာပြီ သခင်ခရစ်တော်ကို မေးတယ်။"ဆရာသခင်၊အကျွန်ုပ်တို့ကို တန်ခိုးအာနုဘော်လုပ်ပြပါ." သူတို့ဆိုလိုတာက ကျွန်ုပ်တို့မြင်ရင် ဆရာသခင်ကို ယုံကြည်လက်ခံမယ်လို့ ပြောချင်တာနဲ့ အတူတူပါပဲ။ ဒါပေမဲ့ ကိုယ်တော်ပြန်ပြောတာက နိမိတ်လက္ခာဏာတောင်းတာဟာ နတ်ဆိုးရဲ့ လုပ်ရပ်ဖြစ်တယ် လို့ဆိုလိုက်ပါတယ်။ ကိုယ်တော်ဘာလို့ဒီလိုပြောတာလဲဆိုတော့ သူတို့က ဓမ္မဟောင်းကျမ်းမှာ ခမည်းတော်ဘုရား ပြုလုပ်သမျှ အာနုဘော်တွေကို မြင်ခဲ့ရ၊ကြားခဲ့ရတာမကဘူး၊ သခင်ဘုရားဖြစ်တဲ့သားတော်ကိုယ်တော်တိုင်လုပ်ဆောင်သမျှအာနုဘော် တွေကို မြင်တွေ့ရပေမဲ့ လက်မခံနိုင်ခဲ့ကြဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့မှာ ယုံကြည်ခြင်း ဆိုတာမရှိသလို၊မနာလိုမှုတွေနဲ့ပဲ ခရစ်တော်ကို မုန်းတီးကြတယ်၊ကဲရဲမှုတွေနဲ့ပဲရှင်သန်ကြတဲ့ကျမ်းတတ်ဆရာတွေနဲ့ဖာရီဖေဉီးတို့ပဲဖြစ်သွားတယ်။ကျွန်တော်တို့တတွေကော ခမည်းတော်ဘုရားကို ကြည့်ပြီ၊သားတော်ဘုရားကို လက်ခံနိုင် ကြရဲ့လား။ ပါစပ်ကဘုရားပြောပြီး လက်က ကားရားလူပုဂ္ဂိုလ်တွေလားလို့ ပြန်မေးကြည့်ဖို့လိုအပ် တယ်။ ငါမြင်ရမှ ယုံမယ်လို့ ပြောရင်သင်ဟာ ဘယ်တော့မှစစ်မှန်တဲ့ခရစ်ယာန်တစ်ဉီးမဖြစ်သလို၊ခရစ်တော်ရဲ့လမ်းစဉ်ကို လက်ခံကျင့်ကြံနေထိုင်ဖိုဆိုတာခက်သလို၊ယုံကြည်ဖို့ဆိုတာလည်း ဝေးနေအုံးမှာပါပဲ။ ဒါကြောင့် ခရစ်တော်က ဖာရီဇေဉီးတွေနဲ့ ကျမ်းတတ်ဆရာတွေကို ပြောလိုက်တယ် သင်တို့သိတဲ့ယောနဟာ ငါးရဲ့ဝမ်းဗိုက်မှာ သုံးရက်၊ သုံးညနေခဲ့ရသလိုပဲ၊လူသားဟာ မြေကြီးထဲမှာ သုံးရက်သုံးညနေရလိမ့်မယ်လို့ပြန်ပြောပါတယ်။ တနည်းအားဖြင့်ပရောဖက်တွေအားလုံးထက် ခရစ်တော်ဟာကြီးမြတ်ပြီးသူ့ရဲ့အသေခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းလောက်ကြီးမားတဲ့တန်ခိုးလက္ခဏာမရှိဘူးဆိုတာပဲ။ ဒါဟာယုံကြည်ခြင်းရဲ့အနှစ်ဖြစ်သလို၊ ခရစ်တော်ကို လက်ခံယုံကြည် မဲ့သူတိုင်းဟာလည်း ကာယမျက်စိဖြင့်မြင်သည်ဖြစ်၊မမြင်သည်ဖြစ် နှလုံးသားမှာရှိပြီးသား ယုံကြည်ခြင်းအရင်းခံကို ပိုမိုရှင်သန်နိုင်အောင် အားထုတ်ကြမှာဖြစ်ပါတယ်။