25.7.2023 The Feast Day of Saint James, Apostle
၂၀၂၄ ခုနှစ်၊ ဇူလှိုင်လ (၂၅) ရက်, တမန်တော်ကြီးရှင်ယာကုပ်၏ ပွဲနေ့
ဧဝံဂေလိကျမ်း ။ ။ မာတေဦး ၂၀း ၂၀-၂၈
Reflection Bro. by Francis Thar man,OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
Gospel (Mt: 20.20-28)
ဒီကနေ့ဟာ ယာကုပ်၏ ပွဲနေ့ဖြစ်ပါတယ်။ယာကုပ်သည် ခရစ်တော်ခေါ်သော ပထမဆုံးတမန်တော်ထဲမှတစ်ဦးဖြစ်သည်။ထို့အချိန်တွင် ယာကုပ်နှင့်သူ၏ညီ ယောဟန်တို့သည်ငါးဖမ်းပိုက်များကို ပြုပြင်ရန် လှေပေါ်တွင် ရှိနေကြသည်။ထိုသူတို့နှစ်ဦးသည်နောက်နှေးမှုမရှိဘဲ သခင်ခရစ်တော်၏တပည့်အဖြစ် သူ့နောက်သို့ လိုက်ရန် ဘုရားသခင်၏ ခေါ်သံကို ခံစားခဲ့ရသည်။ ယာကုပ်သည် သခင်ခရစ်တော်၏ ပုံသဏ္ဍာန်ပြောင်းလဲချိန်၊ ဥယျာည်၌ ဝေဒနာခံစားရချိန်နှင့် Jairus ၏သမီးကို သခင်ခရစ်တော် အသက်ရှင်စေသည့်အချိန်တွင် ယာကုပ်သည် သခင်ခရစ်တော်နဲ့အတူ ရှိခဲ့သည်။ ယာကုပ်သည် သခင်ခရစ်တော်အတွက် သူ၏အသွေးကို သွန်းလောင်းသည့် မထမဆုံးတာမန်တော်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် AD 44 တွင် ဂျင်ရုစလင်မြို့၌ ယုဒပြည်ဘုရင် Herod Agrippa 1 ၏ အမိန့်ဖြင့်အသေခံခဲ့ရသည်။ဒီကနေ့ကျမ်းစာထဲမှာ တမန်တော်များသည် စုံလင်သူများမဟုတ်ဘဲ သခင်ခရစ်တော်၏သွန်သင်ချက်ကို လက်ခံရန်ရုန်းကန်နေရသော သာမန်လူများအဖြစ်ဖော်ပြထားသည်။ကျွန်ုပ်တို့ တစ်ဦးချင်းမှာလည်း မစုံလင်ကြပါဘူး။ သခင်ခရစ်တော်၏ သွန်သင်ချက်တွေကို နားလည်ရခက်ပြီးလိုက်နာရခက်တာကို ကျနော်တို့ ခနခနကြုံတွေ့ရပါသည်။ ကျနော်တို့၏ချို့ယွင်းချက်ကြောင့် ပုံစံတစ်မျိုးမဟုတ်တစ်မျိုးဖြင့် အခြားသူများကို လွမ်းမိုးဖို့၊ သွေးဆောင်ဖို့ တို့၏ နှလုံးသားထဲမှာ အမြဲရှိနေပါသည်။ အခြားသူများအပေါ် အုပ်စိုးဖို့ ဤရှာဖွေမှုတွေနဲ့ စွမ်းအင်များစွာကို ဖြန်းတီးပစ်ခဲ့သည်။ဒါပေမဲ့ ဒီကနေ့ ကျမ်းစာထဲမှာ သခင်ခရစ်တော်သည် ရည်မှန်းချက်ကြီးသော တပည့်တော်များအား ထိတ်လန့်တွန်လှုပ်ဖွယ်အရာတစ်ခုကို ပြောပြခဲ့သည်။ အဲ့တာဘာလဲဆိုတော့ ကြီးမြတ်သူဖြစ်လိုလျင် အခြားသူတို့၏ အစေခံဖြစ်ရမည်။ ပထမဖြစ်လိုလျင် အချင်းချင်းကျွန်ခံကြရပေမည် ဆိုတာပါပဲ။သခင်ခရစ်တော်သည် ဤကြီးမြတ်တော်ဖြစ်ဖို့၊ ပထမဖြစ်ဖို့ သူနေထိုင်ခဲ့သည့် အသက်တာ အတိအကျဖြစ်ကြောင်း သူ၏တပည့်တော်တွေကို ထောက်ပြပါသည်။ သခင်ခရစ်တော်ကိုယ်တိုင် သူ၏တပည့်တော်တွေကို ဘာပြောခဲ့လဲဆိုတော့"ငါသည် သူ့တစ်ပါးကိုစေခိုင်းခြင်းငှာမဟုတ်ဘဲအစေခံခြင်းငှာလည်းကောင်း၊မိမိ၏အသက်ကို စွန့်၍ လူအများကယ်တင်ခြင်းငှာလည်းကောင်းကြွလာတော်မှုသည်ဟုမိန်တော်မှုခဲ့သည်။ ကျွန်ုပ်တို့ အားလုံးသိထားရမှာက လက်ဝါးကပ်တိုင် ပေါ်၌ သခင်ခရစ်တော်၏ အသေခံခြင်းသည် ထာ၀ရအသက်ရှင်ရန် အကြီးမြတ်ဆုံးသော အမှုတော် ဆောင်ခြင်း၊ အစေခံခြင်း ဖြစ်ပါသည်။ဒါကြောင့် သခင်ယေရှု၏ စစ်မှန်သောနောက်လိုက်တစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် အခြားသူများကိုလည်း အစေခံရမည်။ အစေခံခြင်း ဆောင်ရွက်ရန်တွင် နည်းလမ်းများစွာရှိပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို စီးပွားရေး၊လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ဝိညာဉ်ရေးအရ ကူညီနိုင်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် လိုအပ်သူများနှင့် အစားအသောက် သို့မဟုတ် အခြားဆောင်းပါးများကို မျှဝေနိုင်ပါသည်။ ရက်ရောသော အစာရှောင်ခြင်း ပူဇော်သက္ကာဖြင့် လိုအပ်နေသောသူများကိုကျွန်ုပ်တို့ကူညီနိုင် ပါသည်။သက်ကြီးရွယ်အိုဖျားနာနေသူကို ပြုစုစောင့် ရှောက်နိုင်ပါသည်။ အမှန်တရားကို လိုအပ်နေသူ သို့မဟုတ် ဝမ်းနည်းပူဆွေးသူအား နှစ်သိမ့်မှု လိုအပ်နေသူတွေကို ဧဝံဂေလိတရားဖြင့် ကျွန်ုပ်တို့ သွန်သင်ပေးနိုင်ပါသည်။ သခင်ခရစ်တော်သည် မြေကြီးပေါ်ရှိစဉ်တွင် ဆင်းရဲသား၊ပညာမဲ့သူ၊အပြစ်သား၊မထီမဲ့မြင်ပြုသောသူတို့ကို အစေခံတော်မှုခဲ့သည်။နားထောင်မည့်သူတိုင်း ကိုဧဝံဂေလိတရားကို သွန်သင်ပေးသည်၊ကိုယ်တော်ကိုကြားနာရန်လာလာသော ဆာလောင်နေ သောလူအုပ်ကြီးကို ကျွေးမွေးကာ၊ ဖျားနာသူများကိုကုသပေးပြီး သေလွန်သူများကို ထမြောက်စေခဲ့သည်။ကယ်တင်ရှင်ခရစ်တော်သည် အမှုတော်ဆောင်ခြင်း၏ ပြီးပြည့်စုံသော ဥပမာကိုပေးခဲ့သည်။ သူသည်အစေခိုင်းရန် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်းမဟုတ်ဘဲ အမှုတော်ဆောင်ရန်နှင့်ကျွန်ုပ်တို့အတွက် သူ၏အသက်ကိုပေးဆောင်ရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။အမှုတော်ထမ်းဆောင်ရာတွင် သူ၏အသက်ကိုစွန့်လွှတ်ခဲ့သည်။ ဒီကနေ့သန့်ရှင်းသောကျမ်းစာထဲမှာ သခင်ခရစ်တော်က ကျွန်ုပ်တို့အား လူတိုင်းကိုချစ်ပြီး အစေခံရန် အမိန့်ပေးခဲ့သည်။စီးပွားရေးအရ၊လူမှုရေးအရ၊ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်ဝိညာဉ်ရေးအရ လိုအပ်နေသောသင့်မိသားစုသို့မဟုတ် အသိုင်းအဝိုင်းရှိလူများအကြောင်း စဉ်းစားပါ။သူတို့ကို အမှုဆောင်ဖို့ သင်လုပ်နိုင်တဲ့အရာတွေကို စဉ်းစားပါ။ ကျွန်ုပ်တို့သည် အခြားသူများကို အစေခံသည့်အခါ အရေးကြီးသောကောင်းချီးများကို ကျွန်ုပ်တို့ ရရှိကြသည်။ အချင်းချင်းအစေခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာကို မြှင့်တင်ပေးပါသည်။ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းဆန်မှု နည်းပါးလာလိမ့်သည်။ကျွန်ုပ်တို့သည် ထာဝရအသက်ကိုရရှိရန် အခြားသူများကို အစေခံရမည်။ အချင်းချင်းကို ချစ်ပြီးအစေခံသောသူသည် သခင်ခရစ်တော်နှင့်အတူ ထာ၀ရနေထိုင်ကြသောသူများဖြစ်ပါသည်။ အာမင်။