26.7.2023 –16th Wednesday in Ordinary Time.
ဇူလိုင်လ (၂၆) ရက် ၂၀၂၃ (၁၆) ကြီမ်မြောက် သာမန် ဗုဒ္ဓဟူးနေ့
(မျိူးကြဲသူ နှင့် မျိူးစေ့ ပုံဥပမာ)The Parable of the Sower and the Seed, and the Soils
ရှင်မာတေးဦး (၁၃:၁-၉)
Reflection by Rev. Fr. Paul Thu Reh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့သခင်ခရစ်တော်က လူသားတိုင်း၊ ဆင်းရဲ၊ ချမ်းသာ၊ ကလေး၊လူကြီး၊ ကျား၊ မမရွေး၊အကုန်လုံး ကျွန်တော် တို့တစ်ဦးချင်းစီနားလည်နိုင်တဲ့ပုံပြင်တစ်ပုဒ်ကိုကျွန်တော်တို့ကို ပြောသွားပါတယ်။ပုံပြင်အဆုံးမှာ"နားရှိသောသူကြားပါစေ"ဟုပြောသွားပါတယ်။ ပုံပြင်ရဲ့ခေါင်းစဉ်က "မျိူးကြဲသူ နှင့် မျိူးစေ့, and the Soils" (the sower and the seed, and the Soils) ဖြစ်ပါတယ်။ ရိုးရိုးပုံပြင်ဆိုတာထက် parable ခေါ် ပုံဥပမာဆိုရင်ပိုပြီးတော့မှန်ပါလိမ့်မယ်။ ပုံဥပမာဆိုတာ ရိုးရိုးပုံပြင်တွေထက် အများကြီးလေးနက်၊ နက်ရိုင်းတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ပုံဥပမာဆိုတာ အဆုံးမရှိတဲ့ပုံပြင်၊ဇာတ်သိမ်းပိုင်းမရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့လဲ ဆိုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမုန်အားဖြင့် ရိုးရိုးပုံတစ်ပုဒ်ဆိုရင် happy ending ဒါမှမဟုတ် sad ending ဆိုတာရှိစမြဲပါ။ ဒါပေမဲ့သခင်ခရစ်တော်ဟောပြောသွားတဲ့ မျိူးကြဲသူနှင့် မျိူးစေ့ကတော့ဒီလိုမဟုတ်ပါဘူး။ပုံပြင်ရဲ့စီးဆင်းပုံကလယ်သမား၊ မျိူးကြဲသူတစ်ယောက်က မျိူးစေ့ပျိုးကြဲဖို့ထွက်လာပါတယ်။ နေရာဒေတ၊ ရာသီဥတုအခြေအ နေကြောင့်၊ ပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးအခြေနေမျိူးမျိုးကြောင့် မျိူးစေ့ တစ်စေ့စီရဲ့ရှင်သန်ကြီးဖွားမူကမတူညီနှိုင်ခဲ့ပါဘူး။ တချို့က လမ်းမှာကျတယ် ငှက်လာပေါက်စားသွားတယ်။တချို့ကကြောက်ခဲထုထပ်တဲ့ မြေပေါ်ကျတယ်၊ မြေဆီလွှာအားနည်းမူကြောင့် ခြောက်ပြီးသေဆုံးသွားတယ်၊စသဖြင့်ပေါ့။ ကောင်းသော မြေဆီလွှာပေါ် ကျတဲ့ မျိူးစေ့ကြတော့ "အသီးအဆခြောက်ဆယ်၊ တချို့သည် အဆသုံးဆယ်စီအသီးသီးကြတယ်"လို့ပြောသွားပါတယ်။ ပုံပြင်ကိုပြင်ကြည့်လိုက်မယ်ဆိုရင် မေးခွန်းထုပ်စရာတွေများကြီးရှိလာတယ်။သခင်ခရစ်တော်က ပုံပြင်ကို ပြောသွားရတဲ့ အကြောင်းအရင်း၊ ပုံပြင်ရဲ့ဆိုလိုရင်း၊ပုံပြင်ရဲ့ဇာတ်သိမ်းပိုင်းကို တချိန်ထဲပြောမသွားခဲ့ပါဘူး။ အကြောင်းရင်းက ကျွန်တော်တို့တစ်ဦးချင်းစီ ကနေ ကိုယ်ပိုင်မေးခွန်း၊ အဖြေ၊ ပြီးတော့ကိုယ့်ကိုယ်ပိုင်ဇာတ်သိမ်းခန်း ကို အလိုရှိနေလို့ဖြစ်ပါတယ်။ အဲ့တာဟာ ပုံဥပမာခေါ် parable ရဲ့ သဘောသဘာဝ သခင်ခရစ်တော် အသုံးပြုသွားတာဖြစ်ပါတယ်။ ပုံဥပမာရဲ့ အဓိပ္ပာယ်က ရိုးရိုးမျိူးကြဲသူနှင့် မျိူးစေ့ကို အဓိကဆိုလိုခြင်းမဟုတ်ပဲချစ်ခြင်းမေတ္တာအပေါ်အခြေခံထားတဲ့ ဘုရားသခင်နှင့် သူ့ရဲ့နှုတ်ကပတ်တော်သာဆိုလိုခြင်းဖြစ်ပါတယ်။ ဘုရားသခင်သည်သူ့ရဲ့မျိူးစေ့ကို ကျွန်တော်တို့လူသားတိုင်းတစ်ဦးချင်းရဲ့ စိတ်နှလုံးထဲကို ဖောက်ထွင်းဝင်ရောက်စေချင်ပါတယ်။ဒါကြောင့်မလို့ သူ့ရဲ့ တစ်ဦးတည်းသောသားတော်ကို လောကသို့စေလွတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းသော၊ဆိုးသောမြေဆီလွှာဆိုတည်ကား ကျွန်တော်တစ်ဦးချင်းစီရဲ့ စိတ်လုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်လက်ခံခြင်း၊လက်မခံနိုင်ခြင်း ပြီးတော့ နေ့စဉ်ကျင့်ကြံခြင်း၊ မကျင့်ကြံခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ပုံဥပမာရဲ့အဆုံးမှာကျွန်တော်တို့တစ်ဦးခြင်းစီထောက်ရှုစဉ်းစားရမည့်အချက်ကဘုရားသခင်ရဲ့နူတ်ကပတ်တော် ကျွန်တော်တို့စိတ်နှလုံးသားထဲမှာ ဘယ်လောက်ထိ အသီးသီးနေပြီလဲ။ နောက်ပြီး သီးပြီးသောအသီးဟာ ကိုယ့်ရဲ့ မိသားစုတွက်၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်၊ အသင်းအဖွဲ့၊အသင်းတော်အတွက်စားကောင်းသောအသီး၊ ဝိညာဉ်အဟာရအတွက်ကောင်းသောအသီးများဖြစ်နေပြီးလားဆိုတဲ့မေးခွန်းကိုဆက်လက်ပြီးထောက်ရှုစဉ်းစားသွားကြပါစို့။