Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-26 06:09:27

27. 7. 2023 – 16th Week in Ordinary time Thursday
ဇူလိုင်လ (၂၇) ရက် ၂၀၂၃ (၁၆) ကြီမ်မြောက် သာမန် ကြာသပတေးနေ့
Mt -.13:10-17 - ရှင်မာတေးဦး (၁၃:၁၀-၁၇)
Reflection by Rev. Fr. Marko Thoe Reh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ ဧဝံဂေလိတရားကို ဖတ်ရှုရမယ်ဆိုရင် သခင်ခရစ်တော်သည် ပရိသတ်များအား ပုံဥပမာတစ်ခု ပြောပြတယ်အခါ သခင်ခရစ်တော်၏တပည့်များသည် အဘယ်ကြောင့် အံ့ဩနေကြသနည်း၊ ရှင်းရှင်းပြောရရင် ထိုခေတ်တွင်၊ သခင်ခရစ်တော်၏ ပုံပြင်တစ်ပုဒ်ကို နားလည်ဖို့ စာတတ်သူအများအပြားမရှိပေ။ တစ်နည်းအားဖြင့်ဆိုရသော် သာမာန်အားဖြင့်၊ ဇာတ်လမ်း၊ ပုံပြင်ကို ကောင်းစွာနားလည်ရန် ပုံဥပမာကို အသုံးပြုပြီး သခင်ခရစ်တော်က ရှင်းပြထားပေးပါသည်။ ပိုပြီးထိရောက်နားလည်လိုလျှင် ခဏခေတ္တရပ်ပြီး ဂရုတစိုက်နားထောင်ရန် လိုအပ်ပါသည်။ ခရစ်တော်သည် ပုံပြင်ကိုအသုံးပြု၍ သူတို့၏အာရုံစိုက်မှုကို ဖိတ်ခေါ်နေပါသည်။အကြားအာရုံနှင့် နားထောင်ခြင်းသည် အလွန်ကွဲပြားသော အရာနှစ်ခုဖြစ်နိုင်သည်။ ကျွန်ုပ်တို့သည် အခြားသူများထံမှ အသံကိုကြားနိုင်သော်လည်း ၎င်းတို့ကို ဂရုမစိုက်ပါ။ ကြားနိုင်သော်လည်း နားမလည်နိုင်ပေ။ နားထောင်ခြင်းဆိုသည်မှာ ကွဲပြားခြားနားသောအရာဖြစ်ပြီး နားထောင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့ကြားသော အရာကို အာရုံစိုက်နေခြင်းပင်ဖြစ်သည်။ ဆိုလိုတာက နားထောင်ခြင်းအားဖြင့် အဲဒါက ဘာလဲဆိုတာ နားလည်နိုင်တယ်၊စိန့်ပေါလုက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းသည် ပညာ၏အစဖြစ်သည်။ကျွန်တော်တွေကော ခက်ခဲတဲ့အခိုက်အတန့်မှာ ဝမ်းနည်းစရာအခိုက်အတန့်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားနေသလား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်နေပါသလား။ 

 
 
 
 
Daily Reflection