Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-28 18:16:24

29. 7. 2023 – 16th Week in Ordinary time Saturday
ဇူလိုင်လ (၂၉) ရက် ၂၀၂၃ (၁၆) ကြီမ်မြောက် သာမန်ကာလ စနေနေ့
Luke 10:38-42 ရှင်မာတေးဦး (၁၀:၃၈-၄၂), Exodus 24:3-8
Reflection by Cena
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

ဒီကနေ့ကျမ်းစာထဲမှာ အီစရာအဲလူမျိုးတွေကဘုရားသခင်ပေးတဲ့ပညတ်တွေတာဝန်တွေကို လိုက်လျောနာခံမယ်လို့ဂတိပြုခဲ့ကြတာဖြစ်ပါတယ်။တကယ်ကောသူတို့လိုက်လာခဲ့ကြလား.ဒီကနေ့က..ကျွန်ုပ်တို့ အသင်းတော်က သံတာမာရ်သာပွဲနေ့တော်ကိုကျင်းပခြင်းဖြစ်တယ်။သံတာမာရ်သာကလာဇရုနှင့် သံတာမေရီတို့ရဲ့ အစ်မဖြစ်တယ်။သူတို့ရဲ့အကြောင်းကိုကျမ်းစာထဲမှာဘဲတွေ့ရှိနိုင်တယ်။ ဒီကနေ့ကျမ်းစာတော်မှာဖြင့်မာရ်သာက မီးဖိုးထဲမှာ သခင်ယေဇူးကို ကျွေးမွေးပြုစုရန်အတွက်သူမ စိုးရိမ်ပူပန်သောကရောက်နေတယ်။သူမအတွက်ကသခင်ယေဇူးကို ကျွေးရန်အတွက် ပိုပြီးတော့အရေးကြီးနေတယ်။ ဒါပေမဲ့ပျက်စီးလွယ်တဲ့အစာအဟာရထက် ဝိညာဥ်အဟာရက ပိုပြီးတော့အရေးကြီးတာကိုသူမမေ့နေတယ်။အသက်တာမှာလည်းဘဲနေ့စဥ်တာဝန် ဝတ္တရားတွေနဲ့ အလုပ်တွေရှပ်နေကြတယ်။ ဒါပေမဲ့ဘုရားသခင်ကိုအချိန်ပေးပြီးနားထောင့်အချိန်မရှိကြဘူး။ကျွန်ုပ်တို့တော်တော်များများက နေ့စဥ်နှင့်အမြ အမြဲဆုတောင်းကြတယ်။ကျွန်ုပ်တို့ဆုတောင်းတဲ့အချိန်မှာလည်း တော်တော်များက အပြောနှင့်စ အပြောနှင့်ဆုံးလေ့ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ဆီကပြန်နားထောင်လေ့မရှိဘူး။အရေးကြီးဆုံးကဘုရားသခင်ကကျုပ်တို့ကိုဘာပြောမလဲဆိုတာကို နားထောင်ဖို့လိုပါတယ်။အဲလိုမျိုးနားထောင်ဖို့ဆိုတာက တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံးသားလည်းလိုအပ်တယ်။ဒီကနေ့ ကျနုပ်တို့ ကို့ကိုကိုယ် ပြန်လည်ဆန်းစစ်ရမှာက ကျွန်ုပ်တို့ ပြုခဲ့တဲ့ဂတိသစ္စာတွေတာဝန်ဝတ္တရားတွေပေါ်မှာတကယ်ရော.တာဝန်ကျေပွန်ခဲ့လား။ တကယ်ရောဂတိတည်ခဲ့လား။ဒီကနေ့ တို့ ပြန်လည် ဆန်းစစ်ရမှာက ဘုရားသခင်ပေးထားတဲ့တာဝန်တွေကို လူများမြင်ကောင်းအောင်အတွက်ဘဲလုပ်ဆောင်နေလား.ဒါမှမဟုတ်လူအများမမြင်ပေမဲ့ ဘုရားသခင်ရှေ့မှောက်မှာပိုအရေးပါတဲ့အလုပ်တွေကိုလုပ်နေလား။

Daily Reflection