1.8.2023 – 17th Week in Ordinary time Tuesday
သြဂုတ်လ (၁) ရက် ၂၀၂၃ (၁၇) ကြိမ်မြောက် သာမန်ကာလအင်္ဂါနေ့
Mt -.13:36-43 - ရှင်မာတေးဦး (၁၃:၃၆-၄၃)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
(လူသားဟောင်းအဖြစ်ရှင်သန်ခြင်း)ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်ကျွန်ုပ်တို့ရဲ့ခြံထဲကိုကြည့်လိုက်မယ်ဆိုရင်စိုက်ပျိုးထားတဲ့ အပင်တွေကိုတွေ့ရသလို၊မစိုက်မပျိုးဘဲပေါက်နေတဲ့ပေါင်းပင်မြက်ပင်တွေကိုတွေ့ကြရမှာဖြစ်တယ်။စိုက်ပျိုးထားတဲ့သီးပင်ပန်းပင်တွေပိုမိုရှင်သန်ဖို့ဆိုရင်မြက်ပင်၊ပေါင်းပင်တွေကိုနှုတ်ပစ်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပေါင်းပင်၊မြက်ပင်ဆိုတာဟာ အသုံးလည်းမတည့်၊ ပြီးတော့စိုက်ပျိုးထားတဲ့ အပင်တွေရဲ့ကြီးထွားမှုကိုလည်း အနှောက်အယှက် ပေးတဲ့အပြင်၊ မြင်ရသူတိုင်းအတွက်လည်း ရုပ်ဆိုးလွန်းပါတယ်။ ဒီလိုပါပဲ လူတွေကိုကြည့်မယ်ဆိုရင်လည်းကောင်းတဲ့လူ၊မကောင်းတဲ့လူလိုခွဲခြားကြည့်မြင်တတ်ကြပါတယ်။ဒါပေမဲ့ လူတစ်ယောက်က၁၀၀ရာခိုင်နှုန်းကောင်းတယ်(သို့)၁၀၀ရာခိုင်နှုန်းဆိုးတယ်လိုမပြောနိုင်ပါဘူး။ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်ထဲမှာဝိညာဉ်တော်မြတ်ဘုရားသွန်းလောင်းပေးတဲ့ ကောင်းတဲ့အတွေးအခေါ်တွေ၊ ကောင်းတဲ့စိတ်နေစိတ်ထားတွေရှိသလို နတ်ဆိုးရဲ့ဖြား ယောင်းသွေးဆောင်မှုမှာ ရထားတဲ့ဆိုးသွမ်းတဲ့ စိတ်ဓါတ်တွေ၊လူအသိုင်းအဝိုင်းက လက်မခံနိုင်လောက်တဲ့ အကျင့်စရိုက်တွေလည်းရှိနေတက်ပါတယ်။ဒါကြောင့် စိတ်နှလုံးထဲမှာရှိတဲ့ ကောင်းတဲ့စိတ်နေစိတ်ထား၊အတွေးအခေါ်တွေ ပိုမိုရှင်သန်ပြီးလူးသားကောင်းတစ်ယောက်အနေနဲ့ ရှင်သန်ဖို့၊မမှန်ကန်တဲ့အတွေးအခေါ်တွေ၊ဆိုးသွပ်တဲ့စိတ်နေစိတ်ထားတွေကို နေ့စဉ်နေ့တိုင်းပြန်လည်သုံးသပ်ကာပယ်ရှားရှင်းလင်းပစ်ဖို့လိုအပ်ပါတယ်။သို့မှသာလျှင် နောက်ဆုံးသောနေ့(လူ့လောကမှထွက်ခွါတဲ့နေ့)မှာကောင်းကင်ရွှေပြည်နန်းကိုဝင်ခွင့်ရမှာဖြစ်ပါတယ်။