2.8.2023 – 17th Week in Ordinary Wednesday
သြဂုတ်လ (၂) ရက်၂၀၂၃ (၁၇) ကြိမ်မြောက် သာမန်ကာလဗုဒ္ဓဟူးနေ့
Mt. 13:44-46 - ရှင်မာတေးဦး (၁၃:၄၄-၄၆)
Reflection by Sr. Agnes Mary(OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
*ထိုက်တန်သောဆုလာဒ်*မည်သည့်ဆုလာဒ်ကိုမဆို ထိုက်တန်သူပဲရထိုက်ပါတယ်လို့ ကျွန်ုပ်တို့အမြဲယုံကြည်ကြပါတယ်။ကျွန်ုပ်တို့မျှော်မှန်းတဲ့ဆုလဒ်ကိုထိုက်ထိုက်တန်တန်ရဘို့ကျွန်ုပ်တို့လုံ့လစိုက်ထုတ်ရတယ်။အဲဒီအတွက်အချိန်ပေးရတယ်လေ့လာရတယ်။အစွမ်းကုန်လေ့ကျင့်ရတယ်။မနေ့ကမိမိထက်ဒီနေ့မိမိပိုပြီး တိုးတက်ကောင်းမွန်လာဖို့မိမိကိုယ်ကို မိမိပြိုင်ကြရတယ်။မိမိမျှော်မှန်းတဲ့ဆုတိုဖြောင့်မတ်မှန်ကန်စွာနဲ့ယူနိုင်မှသာမိမိအတွက် ထိုဆုဟာ ထိုက်တန်တယ်လို့ပြောနိုင်ပါတယ်။ဒီကနေ့ပေးခဲ့တဲ့ဥပမာပုံပြင်ထဲမှာလူတစ်ယောက်ဟာလယ်ထဲမှာဘဏ္ဍာသိုက်ကိုတွေ့တယ်ပြီးတော့ပြန်းဖုံးထားပြီးလယ်ပိုင်ရှင်ထံမှတန်ရာတန်းကြေးပေးပြီးဘဏ္ဍာသိုက်ရှိတဲ့လယ်ကို ဝယ်လိုက်တယ်။အဲဒီတော့လယ်ထဲမှာရှိတဲ့ဘဏ္ဍာသိုက်ဟာသူ့အပိုင်အဖြစ်ထိုက်ထိုက်တန်တန်ရသွားပါတယ်။အကယ်၍သိုက်တွေ့တဲ့အချိန်မှာ ဘယ်သူမှမတွေ့တဲ့အတွက်တိတ်ဆိတ်သူတူးယူလို့ရပေမဲ့သူမလုပ်ခဲ့ဘူး၊အဲဒီလိုသာလုပ်ခဲ့မယ်ဆိုရင်သူဟာအချောင်နှိုက်၊သူခိုးသူပဲဖြစ်ပြီးအဲဒီဘဏ္ဍာကိုမထိုက်တန်ဘဲယူထားသူခိုးပဲဖြစ်တယ်။အဲဒီလိုပဲကောင်းကင်နိုင်ငံတော်ဟာလွယ်လွယ်လေးနဲ့အချောင်ရနိုင်တဲ့ဆုလာဒ်မဟုတ်ပါဘူး။ကောင်းကင်နိုင်ငံတော်ရောက်ဖို့ဆိုရင် ဘုရားရှင်ရဲ့ ပညတ်တော်တွေကို စောင့်သိရိုသေရမယ်။လူ့ကျင့်ဝတ်တွေကိုလိုက်နာရမယ်။ ပါရမီဘဝသက်တာမှာရှင်သန်ရမယ်၊ထိုအရာများကသာလျှင်ကောင်းကင်ဘဏ္ဍာအတွက်တန်ရာတန်ကျေးပေးဆပ်စရာများသာဖြစ်သည်။