Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-08-02 03:42:23

3.8.2023 - 17th Week in Ordinary Thursday
သြဂုတ်လ (၃) ရက် ၂၀၂၃ (၁၇) ကြိမ်မြောက် သာမန်ကာလ၊ ကြာသပတေးနေ့ 
 Mt.13:47- 53 (လူကောင်းဖြစ်ဖို့က အဓိက)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပင်လယ်ရေထဲမှာမြစ်ချောင်းတွေထဲမှာမတူညီတဲ့ ငါးတွေအတူအသက်ရှင်လှုပ်ရှားသွားနေသလိုလောကကြီးထဲမှာလည်း လူသားအဖြစ်အသက်ရှင်စဉ်မှာကွဲပြားခြားနားမှုတွေအများကြီးအလယ်မှာအသက်ရှင်ရပါတယ်။ဘာသာရေး၊လူမျိုးရေး၊ ယဉ်ကျေးမှု၊လူနေမှုအဆင့်အတန်း၊ပညာရေး၊စီးပွားရေး၊ နိုင်ငံရေးအပြင်အမျိုးသား၊အမျိုးသမီးစသဖြင့်မတူညီ ကွဲပြားခြားနားမှုတွေကြားထဲမှာအသက်ရှင်ရသလိုကောင်းသောသူ၊ဆိုးသောသူစသည်တို့ဖြင့်လည်းအတူတူနေထိုင်အသက်ရှင်ရပါတယ်။ဒါပေမဲ့ ကောင်းကင်ပိုက်ကွန်ချလိုက်ရင်တော့ဘာတွေပဲကွဲပြားခြားနာပါစေ၊ကောင်းတဲ့လူသားများသာသိကြားတမန်များကသိမ်းယူပြီး၊ ဆိုးတဲ့သူတွေကိုငရဲမီးထဲမှာသွန်ချလိုက်မှဖြစ်ပါတယ်။ဒါကြောင့်လောကကြီးထဲမှာကျွန်ုပ်တို့ကွဲပြားခြားနားနေသော်လည်းလူကောင်းဖြစ်ဖို့ကအဓိကဖြစ်ပါတယ်။

Daily Reflection