Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-08-04 06:11:57

5.8.2023 – 17th Week in Ordinary Saturday
သြဂုတ်လ (၂) ရက် ၂၀၂၃ (၁၇) ကြိမ်မြောက် သာမန်ကာလ၊စနေနေ့ 
Mt. 14: 1-12  - ရှင်မာတေးဦး (၁၄:၁-၁၂)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

အမှန်တရားဟာအမှန်တရားပါပဲ။ဂဏန်းသင်္ချာတွက်ရာတွင်အဖြေအမှားတွေသုံးလေးခုရနိုင်ပေမဲ့အဖြေမှန်ကတော့တစ်ခုထဲပါပဲ။အမှန်တရားဟာဘယ်တော့မှပျောက်ကွယ်မသွားဘူး၊သန့်ရှင်းမြင့်မြတ်သောသူတို့၌ ဆက်လက်သယ်ဆောင်ခြင်းကိုခံရပါတယ်။ဒါပေမဲ့ အမှန်တရားကို ဆန့်ကျင်ရင်တော့မိမိရဲ့ ဩတ္တပစိတ်ကမိမိကိုပြန်လည်ခြောက်လန့်ပါတယ်။ငြိမ်သက်စွာအသက်ရှင်နေထိုင်ခွင့်ကိုမပေးပါဘူး။ဒီကနေ့ကျမ်းစာတော်မြတ်မှာဟေရုဒ်မင်းဟာခရစ်တော်အကြောင်းကိုကြားရရုံနဲ့ ဤသူဟာငါသတ်ခဲ့တဲ့ယောဟန်ပြန်ရှင်တယ်လို့ကောက်ချက်ချခဲ့တယ်။ယောဟန်ဟာအမှန်တရားအတွက်အသက်အသေခံခဲ့တယ်။ထိုနည်းတူခရစ်တော်ဟာလည်း မှန်ကန်ဖြောင့်မှတ်တဲ့ဘဝကို ရှင်သန်ဖို့တရားစစ်တရားမှန်ကိုသယ်ဆောင်လာခဲ့တယ်။ဟေရုဒ်မင်းကတော့အမှန်တရားကို လက်မခံတဲ့အတွက်မိမိရဲ့ ဩတ္တပစိတ်ကမိမိကို ပြန်လည်ခြောက်လန့်ခံရရင်းဘ၀ကိုနိဂုံးချုပ်ခဲ့ပါတယ်။ကျွန်ုပ်တို့ရောအမှန်တရားဘက်၌ရပ်တည်နိုင်ပြီးလား။

Daily Reflection