6.8.2023 – Transfigurationof the Lord.
သြဂုတ်လ (၆) ရက် ၂၀၂၃ သခင်ယေဇူးအဆင်းသဏ္ဌာန်ပြောင်းလဲခြင်းပွဲ
Mt. 17:1-9 - ရှင်မာတေးဦး (၁၇:၁-၉)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
မေတ္တာလူတွေဟာပိုက်ဆံအကုန်ခံပြီး Plastic Surgery တွေလုပ်ကြတယ်။ Beauty Parlor တွေသွားပြီးခေတ်ပေါ်မိတ်တပ်တွေနဲ့အမျိုးမျိုးစတိုင်တွင်ထွင်တယ်။ Gym သွားပြီးမိမိခန္ဓာကိုပုံကျအောင်ပုံသွင်းယူကွပါတ။ဒါဟာမတည်မြဲတဲ့အဆင်းသဏ္ဌာန်ပြောင်းလဲခြင်းပင်ဖြစ်ပါတယ်။တည်မြဲတဲ့လှပတဲ့အဆင်းသဏ္ဌာန်ပြောင်းလဲခြင်းရဖို့ စိတ်ဝိညာဥ်ပြောင်းလဲခြင်းလုပ်ရပါမယ်။ ဤခန္ဓာကိုယ်အတွက် မိတ်ကပ်လိုပေမဲ့စိတ်ဝိညာဉ်အတွက်ဆုတောင်းမေတ္တာအားဖြင့်၊မေတ္တာအားဖြင့် ဘုရားနှင့်ပေါင်းစပ်ခြင်းသာလျှင် တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည်။ဒီကနေ့ကျမ်းစာတော်မြတ်မှာခရစ်တော်ပင်ဟာတောင်ပေါ်မှာဆုတောင်းနေစဉ်အဆင်းသဏ္ဍာန်ပြောင်းလဲခဲ့သလို၊အဖခမည်းတော်ဘုရားရဲ့နှစ်သက်မြတ်နိုးရာချစ်သားအနေဖြင့်အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ကျွန်ုပ်လည်းခရစ်တော်နည်းတူမြဲမြံစွာ ဆုတောင်းခြင်းမွေ့လျှော်ခြင်းအားဖြင့် ကျွန်ုပ်တို့ဘဝမှာဘုရားရှင်ရဲ့တည်ခြင်နေခြင်း (God's experience )အမှတ်တရလေးတွေတွေ့ကြုံခံစားရပြီး၊ တဖြည်း ဖြည်းကိုယ်၊စိတ်၊ဝိညာဉ် ပြောင်းလဲခြင်းတွေဧကန်မုချတွေ့ကြုံခံစားရမှာဖြစ်ပါတယ်။