7.8.2023 - သြဂုတ်လ (၇) ရက် ၂၀၂၃ ၊ ၁၈ ကြိမ်မြောက် သာမန်တနင်္လာနေ့
Mt.14:13-21 - ရှင်မာတေးဦး (၁၄:၁၃-၂၁)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
(Compassion)ကချစ်ခင်ကြင်နာသနားခြင်းဟာ ဘုရားရှင်ရဲ့ မူပိုင်ကောင်မြတ်ခြင်း တစ်ပါးဖြစ်ပါတယ်။ ချစ်ခင်ကြင်နာသနားခြင်းမှ အံ့ဘွယ်ရာတွေဖြစ်ပေါ်လာတက်တာကို သတိမူမိပါသလား။ လူသားအချင်းချင်းခင်ကြင်နာသနားခြင်းနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ၊ဒုက္ခရောက်တဲ့ သူတွေကယ်ဆယ်ခြင်းခံရသလို ငတ်မွတ်နေတဲ့ သူတွေလည်းဝလျင်စွာစားကြရပါတယ်။ နာမကျန်းဖြစ်တဲ့သူတွေလည်း နောင်တတရားနဲ့ လူကောင်းတွေဖြစ်လာကြရပါတယ်။ယနေ့ကျမ်းစာတော်မြတ်မှာ ခရစ်တော်ရှင်ဟာ သူရဲ့ တရားတော်ကို လာနားထောင်သော သူတို့ရဲ့ ပင်ပန်းခြင်း၊ ငတ်မွတ်ခြင်းတို့အတွက် ခံစားနားလည်းပေးရုံတင်မက ထိုသူတို့အပေါ်မှာသူရဲချစ်ခင်၊ကြင်နာ၊ သနားခြင်းကိုပြသခဲ့တယ်။ ရှိတဲ့မှုန်လေး(၅)လုံးနဲ့ငါးနှစ်ကောင်ကိုယူပြီး ယုံကြည်ခြင်းနဲ့ ဆုတောင်းပြီး ကျွေးမွေးတော်မူတယ်။ လူ(၅၀၀၀)ကို ပေါင်မုန့်ငါးလုံး ငါး(၂)ကောင်နဲ့ အဝကျွေးနိုင်တဲ့အပြင်မုန့်ကျိုးပဲ့(၁၂)တောင်းရခဲ့ကြတယ်။ နှလုံးသားနဲ့ချစ်ခင်တယ်၊နှုတ်ကနေသနားတယ်။ လက်တွေ့မှာ ကြင်နာခြင်း ပြမှသာလျှင်ဘုရားရှင်ရဲ့ မူပိုင်ကောင်းမြတ်ခြင်းဖြစ်တဲ့(Compassion )ကိုကျွန်ုပ်တို့ဘဝမှာ ရှင်သန်စေပြီးဘုရားရဲ့ အံ့ဘွယ်ရာတွေကို လူတွေတွေ့မြင်သိရှိနိုင်စေမှာဖြစ်ပါတယ်။