8.8.2023 - သြဂုတ်လ (၈) ရက် ၂၀၂၃ ၊ ၁၈ ကြိမ်မြောက် သာမန်ကာလအင်္ဂါနေ့
Mt. 15: 1-2,10-14- ရှင်မာတေးဦး (၁၅:၁-၂-၁၀-၁၄)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့ရဲ့လက်များနှင့် တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းများကိုသန့်စင်ဆေးကြောခြင်းဟာ ခန္ဓာကျန်းမာခြင်းအတွက်ရည်ရွယ်ပါတယ်။အစာမစားမှီလက်ဆေးခြင်းဟာလည်း ပိုးမွှားဘေးအန္တရယ်ကို ကာကွယ်ဖို့သက်သက်ပဲဖြစ်ပါတယ်။ ဒီကနေ့ကျမ်းစာတော်မြတ်မှာ သခင်ခရစ်တော်ကိုဖာရီရှဲတွေကကိုယ်တော်တပည့်တော်များ အစာမစာမီ လက်ဆေးတဲ့ ထုံးတမ်းအစဉ်လာ မလိုက်လို့ တိုင်ကြပါတယ်။ဒီအခါမှာခရစ်တော်ကဘာပြောလဲဆိုရင်ပါးစပ်ထဲကိုဝင်သွားတဲ့အရာထက် ပါးစပ်ထဲကနေထွက်လာတဲ့အရာဟာလူကိုညစ်ညမ်းစေပါတယ်လို့တိုက်ရိုက်ပြောခဲ့ပါတယ်။ ပါးစပ်ကနေထွက်လာတဲ့ညစ်ညူးတဲ့စကားတွေလိမ်ညာပြီး မမှန်မကန်အကျိုးမရှိအခြားသူဖျက်လို၊ဖျက်ဆီပြုလုပ်စေတဲ့စကားတွေ၊ ဆဲရေးတိုင်းထွာလုပ်တဲ့စကားတွေဟာ၊အတွင်းထဲမှာရှိတဲ့မိုက်မဲဆိုးသွပ်တဲ့စိတ်ထဲကနေထွက်ပေါ်လာတဲ့ အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့ စိတ်ထားကိုအရင်ဆုံးသန့်ရှင်းစင်ကြယ်အောင်ထားဖို့ကပထမဦးစားပေးလုပ်ရမဲ့အရာ ဖြစ်ပါတယ်။