9.8.2023 – 18th Week in Ordinary Wednesday
သြဂုတ်လ (၉) ရက် ၂၀၂၃ (၁၈) ကြိမ်မြောက် သာမန်ကာလ၊ဗုဒ္ဓဟူးနေ့
Mt. 15: 21-28 ရှင်မာတေးဦး (၁၅:၂၁-၂၈)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယုံကြည်ခြင်းဟာလူမှု့ဆက်ဆံရေးမှာအရေပါသလို၊ စီးပွားရေးကဏ္ဍမှာလည်းမရှိမဖြစ်လိုအပ်ပါတယ်။ဒီထက်အရေကြီးတာကဘုရားနဲ့လူသားကြားထားရှိတဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ယုံကြည်ခြင်းကြောင့်မဖြစ်နိုင်တဲ့အရာတွေဖြစ်ပျက်လာသလို မျှော်လင့်ထားတာထက်ပိုပြီးရရှိခံစားရပါတယ်။ကနေ့ကျမ်းစားတော်မြတ်မှာကန်နန်မြို့သူ အမျိုးသမီးကြီးဟာနတ်ဆိုးပူနေတဲ့သူမရဲ့သမီးကိုကုသပေးဖို့ ခရစ်တော်ထံမှာကြီးမားတဲ့ယုံကြည်ခြင်းနှင့်နှိမ့်ချစွာတောင်းခံခဲ့ပါတယ်။ခရစ်တော်ရှင်တောင်သူမမှာရှိတဲ့ယုံကြည်ခြင်းကိုအံ့ဩမိသွားပြီ ထိုအမျိုးသမီရဲ့သမီးလေးကိုချက်ခြင်းပဲစကားတစ်ခွန်းနဲ့ကုသပေးလိုက်ပါတယ်။ကျွန်န်ုပ်တို့ဘုရားအပေါ်မှာထားတဲ့ယုံကြည်ခြင်းကရောကြီးမားရဲ့လား၊ယုံကြည်ခြင်းမှာတိုးပွားဖို့ဆုတောင်းခြင်းမှာမြဲမြံရဲလား၊ကျွန်ုပ်နှင့်ဘုရားကြားမှာရင်းနှီးကျွမ်းဝင်မှုရှိဖို့ဘုရားအတွက်လုံလောက်တဲ့အချိန်ကောပေးနိုင်ရဲ့လား။ဘုရားရှင်ထံမှ ခံစားခဲ့ရတဲ့ကျေးဇူးတော်များတွေကိုရေတွက်ကျေးဇူးတင်ခြင်းကိုမမေ့ပဲလုပ်နိုင်ခဲ့ရဲ့လား။