10.8.2023 – 18th Week in Ordinary Thursday
သြဂုတ်လ (၁၀) ရက် ၂၀၂၃ (၁၈) ကြိမ်မြောက် သာမန်ကာလာ ကြာသပတေးနေ့
John 12:24-26
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
မျိုးစေ့ကိုမြေမှာချရေလောင်းပေးပြီးမျိုးစေ့ပျက်စီးမှသာအပင်သစ်ပေါက်လာပြီး အချိန်တန်တဲ့အခါမှာအသီးတွေအပွင့်တွေနဲ့ဝေဆာပြီး၊လူသားများအတွက်တိရိစ္ဆာန်များအတွက်တစ်နည်းအားဖြင့်အကျိုးပြုပေးနိုင်ပါတယ်။တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်မျိုးစေ့ကအဖျက်စီးမခံဘဲ ဒီအတိုင်းပဲရှိမယ်ဆိုရင် ဘာအကျိုးမှမပြုနိုင်ပါဘူး။ဒီလိုပဲအိမ်ထောင်ပြုပြီးအမျိုးသမီးတစ်ယောက်ဟာအပျိုစင်ဘဝကို အဆုံးရှုံးခံမှသာ သားသမီးတွေရပြီးပြည်စုံသာယာတဲ့မိသားစုလေးကိုဆောင်ယူပေးနိုင်သလို အိမ် ထောင်ပြုပြီး အမျိုးသားတစ်ယောက်ဟာလည်းလူပျိုလူလွတ်ဘဝကို အရှုံးခံပြီးမိသားစုအတွက်ရုန်းကန်ရှာဖွေပြုစုနိုင်မှသာ မိသားစုအတွက်အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်ုပ်တို့လည်းလူသားအဖြစ်အသက်ရှင်ခိုက်မှာဘုရားပေးထားတဲ့အရေအသွေးတွေကိုကိုယ့်အတွက်ပဲမထားပဲအများကောင်းကျိုးအတွက်ပေးဆပ်နိုင်မှသာတန်ဖိုးရှိတဲ့လူသားအဖြစ်ဂုဏ်ယူနိုင်မှာဖြစ်ပြီးလောကီကောင်းကျိုး၊လောကုတ္တရာကောင်းကျိုးမျှော်ကိုးပြီးလူ့ဘဝကိုအကောင်းဖြတ်သန်းနိုင်မှသာလျှင် ဘုရားနှစ်သက်ဖွယ်ကောင်းတဲ့ဘုရားသား သမီးများဖြစ်နိုင်ပါလိမ့်မယ်။