11.8.2023 – 18th Week in Ordinary Friday
သြဂုတ်လ (၁၁) ရက် ၂၀၂၃ (၁၈) ကြိမ်မြောက် သာမန်ကာလ၊ သောကြာနေ့
Mt. 16: 24-28 ရှင်မာတေးဦး (၁၆:၂၄-၂၈)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
စကြာဝဋ္ဌာတစ်ခုလုံးကို အုပ်စိုးရသော်လည်းသင့်ဝိညာဉ်ဆုံးရှုံးခဲ့ရင်ဘာအကျိုးရှိမှာလဲလို့ခရစ်တော်ရှင်ဒီကနေ့မိန့်မြွက်တော်မူပါတယ်။ဒီစကားကိုဘဲ ရဟန္တာAloysius ကပညာဂုဏ်မောက်နေတဲ့Francis Xavier ကိုတွေဆုံတဲ့အခါတိုင်းပြောခဲ့ပါတယ်။ဒီစကားကြောင့်Francis Xavier စိတ်ပြောင်းလဲသွားပြီးဘုန်းတော်ကြီးတစ်ပါးဖြစ်လာကာခရစ်တော်၏သာသနာပြန့်ပွားဖို့အနယ်နယ်အရပ်ရပ်ကိုသွားပြီးတရားဒေသနာဟောကြားရင်း လမ်းမှာဘဲကွယ်လွန်သွားခဲ့ရပါတယ်။ရဟန္တာSt.Francis Xavierအဖြစ်အသင်းတော်ကြီးကတင်မြောက်ခဲ့ပါတယ်။ကျွန်ုပ်တို့လည်းလူသားအဖြစ်အသက်ရှင်နေခိုက်လောကီပစ္စည်းဥစ္စာနဲ့လောကီကိစ္စများသာအာရုံပြုနေခြင်းမျိုးမဟုတ်ဘဲ၊လောကုတ္တရာကိစ္စများမှာစိတ်ဝင်တစားဆောင်ရွက်ခြင်းအားဖြင့် နောက် ဆုံးသောနေ့မှာဘုရားရှင်ရဲ့နိုင်ငံတော်ကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။