12.8.2023 – 18th Week in Ordinary Saturday
သြဂုတ်လ (၁၂) ရက် ၂၀၂၃ (၁၈) ကြိမ်မြောက် သာမန်ကာလ၊ စနေနေ့
Mt.17: 14-20 ရှင်မာတေးဦး (၁၇:၁၄-၂၀)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယုံကြည်ခြင်းဟာစိတ်တန်ခိုးဖြစ်သလို ဘုရားရဲ့ကျေးဇူးတော်တစ်ပါးလည်းဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ဘက်စုံကြီးထွားမှုဟာမိမိကိုယ်ကိုယုံကြည်စိတ်ချမှုအပေါ်မှာမူတည်နေသလို၊ဝိညာဉ်ရေးရှင်သန်ကြီးထွားဖို့ဘုရားရှင်ပေါ်မှာယုံကြည်အားကိုးခြင်းဟာ မူတည်ပါတယ်။ယုံကြည်ခြင်းတိုးပွားဖို့ဆုတောင်းခြင်းသာလျှင်နည်းလမ်းတစ်ခုဖြစ်ပါတယ်။တစ်ဦးတည်း ဆုတောင်းခြင်း၊အများနှင့်ဆုတောင်းခြင်း၊နှုတ်ဖွင့်ပြီးဆုတောင်းခြင်းနဲ့တိတ်စိတ်စွာ ဆုတောင်းခြင်းတို့ဟာယုံကြည်ခြင်းကိုတစ်နေ့တစ်ခြားတိုးပွားစေပါတယ်။ယုံကြည်ခြင်းမရှိရင်ဘုရားရှင်တောင်ဘာမှလုပ်မပေးနိုင်ပါဘူး။ဒီကနေ့ကျမ်းစာတော်မြတ်မှာသင်တို့၌ယုံကြည်ခြင်းနှမ်းစေ့လောက်ရှိမယ်ဆိုရင်ဒီတောင်ကြီးကို ဟိုဖက်ရွေ့စေလို့ပြောရင်တောင်ကရွှေသွားမှာဖြစ်တယ်လို့ခရစ်တော်ရှင် မိန့်မြွက်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းတိုးပွားဖို့အတွက်ဆုတောင်းခြင်းအားဖြင့်ရယူကြပါစို့။