13.8.2023 – 19th Week in Ordinary Sunday
သြဂုတ်လ (၁၃) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလတနင်္ဂနွေနေ့
Mt.14: 22-33 - ရှင်မာတေးဦး (၁၄:၂၂-၃၃)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယုံကြည်ခြင်းအတွက်အကြီးဆုံးသောအတားအဆီးဟာ ယုံမှားသံသယဖြစ်ခြင်းပဲဖြစ်တယ်။သံသယစိတ်ဟာ ယုံကြည်ခြင်းဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ဒီကနေ့ ကျမ်းစာတော်မြတ်မှာရေပေါ်မှာလမ်းလျှောက်နေတဲ့ခရစ်တော်ထံကိုလာဖို့ရှင်ပေတရူး တောင်းခံခဲ့ပါတယ်။ကိုယ်တော်ကပေတရူးကိုလာဖို့အခွင့်ပေးလိုက်တဲ့အခါပေတရူးကရေပေါ်မှာခြေချပြီးလျှောက်ခဲ့ပါတယ်။ခြေလှမ်းအနည်းငယ်လျှောက်ပြီးတဲ့အခါသူ့စိတ်ထဲမှာ သံသယစိတ်ဝင်လာတာနဲ့ခြေထောက်ကရေထဲရောက်သွားတဲ့အခါ လန့်ပြီးကိုယ်တော်ကိုခေါ်တခဲ့ပါတယ်။ကိုယ်တော်ချက်ချင်းရောက်လာပြီးပေတရူးကိုဖေးကူခဲ့ပြီးယုံကြည်ခြင်းအားနည်းလို့သူကိုဆုံးမခဲ့ပါတယ်။ကျွန်ုပ်တို့လည်းဘုရားရှင်ပေါ်ထားတဲ့ယုံကြည်ခြင်းမခိုင်မာဘူးဆိုရင်ကျွန်ုပ်တို့ဘဝမှာဒုက္ခတွေပင်လယ်ဝေနေမှာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်း၌ခိုင်မာဖို့ ကိုယ်တော်ထံမှသာခွန်အားယူရမှာဖြစ်ပါတယ်။