14.8.2023 – 19th Week in Ordinary Time, Monday
သြဂုတ်လ (၁၄) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလ၊တနင်္လာနေ့
Mt.17: 22-27 ရှင်မာတေးဦး (၁၇:၂၂-၂၇)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
Fear the Lord your God, walk his ways love Him and serve the Lord with all your soul and keep the commandments.ဘုရားရှင်ကိုကြောက်ချစ်ရိုသေခြင်းဟာဥာဏ်ပညာကိုရယူပိုင်ဆိုင်ဖို့ပထမခြေလှမ်းပဲဖြစ်ပါတယ်။ ဘုရားရှင်ကိုကြောက်ချစ်ရိုသေတယ်ဆိုရင် ကျွန်ုပ်တို့ဟာ
သူခင်းပေးတဲ့လမ်း(ကျမ်းစာတော်မြတ် ရဲ့အလင်းတရား)ထဲမှာလျှောက်လှမ်းပြီး စိတ်အားရှိသမျှနဲ့ဥာဏ်အားရှိသမျှနဲ့ ဘုရားကိုချစ်မြတ်နိုးပြီး၊သူရဲ့အလိုတော်ကိုနေ့စဉ်ဆောင်ရွက်မှာဖြစ်သလိုပညတ်တော်များကိုလည်းရိုသေစွာစောင့်ထိန်းကြမှာဖြစ်ပါတယ်။ ဤကဲ့သို့သာ
နေထိုင်ကျင့်ကြံနိုင်တယ်ဆိုရင်ကျွန်ုပ်တို့ဟာဘုရားရှေ့လူရှေ့မှာမျက်နှာရသောသူများဖြစ်လာမှာဖြစ်ပါတယ်။ဤကဲ့သို့နေထိုင်နိုင်ဖို့ဘုရားရှေ့မှာနှိမ့်ချသောလူသားတစ်ယောက်အနေနဲ့ သွားလာနေထိုင်ပြီး၊ဘုရားရဲ့အလိုတော်ကို
နေ့စဉ်ကျမ်းစာတော်မြတ်ရဲ့အလင်းမှာရှာဖွေပြီးတော့ထိုအလိုတော်ကိုလိုက်နာကျင့်ကြံနေထိုင်ကြရမှာဖြစ်ပါတယ်။