15.8.2023 – Assumption of the Blessed Virgin Mary
သြဂုတ်လ (၁၅) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလ၊အင်္ဂါနေ့
Lk 1: 46-55 ရှင်မာတေးဦး ၁:၄၆-၅၅)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘုရားရှင်တာနှိမ့်ချတဲ့နှလုံးသားရှိတဲ့ လူသားကိုအမြဲသဘောကျတယ်။နှိမ့်ချခြင်းဟာဘုရားမျက်နှာရဖို့အရည်းအသွေး(ပါရမီ)တစ်ပါးဖြစ်ပါတယ်။လူသားမှာဘာမှကြွားဝါစရာလဲမရှိပါဘူး၊ဘာဖြစ်လို့လဲဆိုတော့လူသားရဲ့ဖြစ်သမျှ၊ရှိသမျှအရာအားလုံးဟာ ဘုရားရှင်ရဲ့လွတ်လပ်တဲ့ အချစ်နဲ့ပေးထားတဲ့လက်ဆောင် တွေဖြစ်လို့ပါပဲ။မယ်တော်မာရီးယားဟာဘုရားမျက်စေ့ကျတဲ့ဖြူစင်တဲ့ အမျိုးတစ်ဦးဖြစ်ပါတယ်။ဒါကြောင့်လည်းဘုရားရှင်ရဲ့မိခင်ဖြစ်ရတဲ့အခွင့်အရေးကိုပေးခဲ့သလို၊ကွယ်လွန်ပြီးတဲ့အခါမှာလည်းခန္ဓာနဲ့ဝိညာဉ်ပါကောင်းကင်သို့ပင့်ဆောင်ခြင်းခံရဖို့အခွင့်ထူးကို သူမရခဲ့ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့လည်းမယ်တော်ကဲ့သို့နှိမ်ချ၊ရိုးစင်းဖြူစင်သောသူများဖြစ်ဖို့နေစဉ်နေ့တိုင်း ကြိုးစားရင်း ဘုရားရှင်ရဲ့ကျေးဇူးတော်ဆူးများရယူခံစားနိုင်းဖို့ ကြိုးစားကြပါစို့။