16.8.2023– 19th Week in Ordinary Wednesday
သြဂုတ်လ (၁၆) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလ၊ဗုဒ္ဓဟူးနေ့
Mt.18: 15-20 ရှင်မာတေးဦး (၁၈:၁၅-၂၀)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကနေ့သခင်ခရစ်တော်ကကျမ်းစာတော်မြတ်မှာတစ်ဦးကနောက်တစ်ဦးကိုထိခိုက်ကျူးလွန်ခံရတဲ့သူမိမိကိုကျူးလွန်သူရဲ့အမှားကိုဆိတ်ကွယ်ရာနှစ်ဦးထဲရှိတဲ့အချိန်မှာထောက်ပြရမယ်။အဲတာမှမရဘူးဆိုရင်(တစ်ဆင့်ပြီးတစ်ဆင့်)သူအမှားကိုဝန်ခံဖို့ သင်ပြပေးရပါမယ်။ဒါဟာတရားမျှတခြင်းနဲ့ငြိမ်းချမ်းခြင်းကိုတည်ဆောက်ဖို့အတွက်ဖြစ်ပါတယ်။လူမှုဆက်ဆံရေးကောင်းတွေတည်ဆောက်ဖို့သူတစ်ပါးရဲ့အမှားကိုပြင်ပေးခြင်းနှင့်အတူသူတစ်ပါးကကိုယ့်ရဲ့အမှားကိုပြင်ပေးတာကိုလည်းလိုလိုလား လားလက်ခံပြီးကိုယ့်အမှားအတွက်ကိုယ်တာဝန်ယူခြင်းဟာ တရားမျှတခြင်းနဲ့ငြိမ်းချမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်။အဲဒီလိုဆောင်ရွက်ဖို့မေတ္တာတရားရဲနှိမ့်ချခြင်းအလွန်လိုအပ်ပါတယ်။ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝအသက်တာမှာလက်သုံးစကားအဖြစ်လက်ခံကျင့်သုံးနေပြီးလား။