17.8.2023– 19th Week in Ordinary Thursday
သြဂုတ်လ (၁၇) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလ၊ကြာသပတေးနေ့
Mt.18: 21-19:1 ရှင်မာတေးဦး (၁၈:၂၁-၁၉း၁)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အပြစ်ကျူးလွန်ခြင်း၊ အပြစ်ခွင့်လွတ်ခြင်းနဲ့အခွင့်လွတ်ခံရခြင်းတို့ဟာလူသားတိုင်းတွေ့ကြုံခံစားရတဲ့ ဖြစ်ရပ်တစ်ခုပါ။အားနည်းသောလူသားဖြစ်သည်အလျောက်အပြစ်ကျူးလွန်တို့ခွင့်အလမ်းတွေရှိပါတယ်။ဒါကြောင့်ကိုယ့်အပြစ်ကိုခွင့်လွတ်ခံချင်တယ်ဆိုရင်သူတစ်ပါးရဲ့အပြစ်ကိုလည်းအပြည့်အဝခွင့်လွှတ်ပေးဖို့ဒီကနေ့ခရစ်တော်ဟာ ကြွေးရှင်နဲ့အကြွေးတင်သူပုံဥပမာကိုရှင်းရှင်းလင်းလင်းပြောပြပြီး ခွင့်လွှတ်စရာရှိရင်လည်းအကြိမ်ခုနှစ်ဆယ့်ခုနှစ်လီခွင့်လွှတ်ဖို့မှာကြားတော်မူပါတယ်။ခွင့်လွှတ်ပေမဲ့မမေ့နိုင်ဘူးလို့ကျွန်ုပ်တို့ပြောလေ့ရှိပါတယ်။ဒါကြောင့်သတိရတဲ့ အခါတိုင်းခွင့်လွတ်နေရမှာဖြစ်ပါတယ်။ဘုရားရှင်တောင်လူသားတို့ရဲ့အပြစ်တွေကိုရေးမှတ်ထားခြင်းမရှိဘူးဆိုရင်ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့အချင်းချင်းသဘောထားကြီးကြီးနဲ့အပြည့်အဝခွင့်လွတ်ဖို့လိုအပ်ပါတယ်။