19.8.2023 – 19th Week in Ordinary Saturday
သြဂုတ်လ (၁၉) ရက် ၂၀၂၃ (၁၉) ကြိမ်မြောက် သာမန်ကာလ၊စနေနေ့
Mt. 19: 13-15 - ရှင်မာတေးဦး (၁၉:၁၃-၁၅)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကလေးငယ်များငါ့ထံသို့လာကြပါစေ။သူတို့ကိုမတားကြပါနဲ့၊သူတို့သာလျှင်ကောင်းကင်နိုင်ငံအပိုင်များဖြစ်တယ်။ကလေးဆိုတာဖြူစင်ရိုးသားတယ်။မိဘတွေကိုအားကိုးတယ်။သင်ပေးရလွယ်ကူတယ်။မိဘတွေအပေါ်မှာအကြွင်းမဲ့ယုံကြည်တယ်။ကလေးတွေဟာဟန်မဆောင်တတ်ဘူးကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဖူးပြောတယ်။အပြစ်ဆိုတာသူတို့မသိကြဘူးချစ်စရာကောင်းတယ်။ဒါကြောင့်မို့ ခရစ်တော်ဟာကလေးတွေကိုချစ်တယ်။သူတို့ကိုကောင်းကြီးပေးတယ်။ကလေးတွေကလည်း ခရစ် တော်ကိုချစ်တယ်။ခရစ်တော်အနားမှာနေချင်ကြတယ်။ကျွန်ုပ်တို့လည်းအသက်ကြီးပေမဲ့ကလေးတစ်ယောက်ရဲ့ဖြူစင်တဲ့စိတ်နေစိတ်ထားရှိမယ်ဆိုရင်အင်မတန်ချစ်စရာကောင်တဲ့လူသားတစ်ယောက်ဖြစ်မှာအမှန်ပါပဲ။ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ ကလေးတစ်ဖန်ပြန်ဖြစ်ကြပါစို့လား။