22.8.2023 – 20th Week in Ordinary Tuesday
“Queenship of Blessed Virgin Mary" ‘ကောင်းကင်ဘုံဘုရင်မ’ပွဲနေ့
သြဂုတ်လ (၂၂) ရက် ၂၀၂၃ (၂၀) ကြိမ်မြောက် သာမန်ကာလ၊အင်္ဂါနေ့
Lk. 1: 26-28 - ရှင်လုကာ (၁:၂၆-၂၈)
Reflection by Sr. Agnes Mary (OSM)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့အမိအသင်းတော်ကြီးက“Queenship of the Blessed Virgin Mary"ပွဲကိုကျင်းပနေပါတယ်။ အမိမယ်တော်ရဲ့ဘဝအသက်တာကိုကြည့်မယ်ဆိုရင် အင်မတန်ရိုးရှင်းတယ်လို့မြင်ရပေမဲ့မမြင်နိုင်တဲ့ဝိညာဉ်တော်ရဲ့အုပ်စိုးမှုလမ်းညွှန်မှုကို တစ်သွေမတိမ်းလိုက်နာပြီးအခက်အခဲတွေဝမ်းနည်းစရာ၊မျှော်လင့်ချက်မဲ့စရာတွေနဲ့အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်လှမ်းခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။အဆိုးဆုံးအချိန်ကတော့ကာလ်ဝါရီတောင်ကုန်းပေါ်မှာသားတော်အသက်စွန့်ခဲ့တဲ့ချိန် ကားတိုင်အောက်မှာဝမ်းနည်းခြင်းအပြည့်နဲ့ရပ်နေခဲ့ရတဲ့အချိန်ပဲဖြစ်ပါတယ်။ဘယ်လိုအခြေအနေနဲ့ဘဲကြုံတွေ့ပါရစေ မယ်တော်ဟာ ကနဦးကသူမပြောခဲ့တဲ့“Yes”ကိုပြန်ပြီးမရုတ်သိမ်းခဲ့ပါဘူး။အဆုံးတိုင်ဘုရားပေါ်မှာသစ္စာရှိခဲ့တဲ့အတွက်ဒီကနေ့မှာဆိုရင် သူမဟာ‘ကောင်းကင်ဘုံမှာဘုရင်မ’တစ်ဦးအနေနဲ့ဂုဏ်ပြုထိုက်သူဖြစ်နေပါပြီ။မယ်တော်ရဲ့သား သမီးများဖြစ်သောကျွန်ုပ်တို့လည်းမယ်တော်ကဲ့သို့ဘုရားရှင်အပေါ်မှာအမြဲယုံကြည်အားကိုးခြင်း၊သစ္စာတည်ကြည်ခြင်းရှိဖို့ရန်ကြိုးစားကြပါစို့။