5.1.2024 – Friday, Christmas Weekday - John Neumann, Bishop Obligatory Memorial.
John 1:43-51- ရှင်ယောဟန် ၁း၄၃-၅၁
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu
Posted by Sr. Benedetta Myat Hnin Nwe (ISR)
နာဇရက်မြို့သား"ယေဇူး"ကို ငါတို့တွေ့ရပြီ။အန္ဒြေးယသည် ပေတြူးကိုမေဆီးယာတွေ့မြင်ကြောင်းပြောပြသကဲ့သို့ဖိလစ်သည်လည်းနာသနီအဲအားခရစ်တော်ကိုတွေ့ကြောင်းပြောပြလေသည်။နာသနီအဲသည်လည်းကိုယ်တိုင်တွေ့ရသောအခါ"ဆရာသခင်၊ကိုယ်တော်သည် ဘုရား၏သားတော်၊အစ္စရေးတို့၏ ရှင်ဘုရင်အမှန်စင်စစ်ဖြစ်၏"ဟုဝန်ခံလေသည်။ခရစ်တော်ကိုအမှန်တကယ်တွေ့သောသူ၌1.အံ့သြခြင်း2.စိတ်နှလုံးယိုဖိတ်မတတ်ကြည်နူးဝမ်းမြောက်ခြင်း3.ဝန်ခံခြင်းဟူသောအရာသုံးခုဖြစ်ပေါ်တတ်၏။ ထိုသို့ခရစ်တော်နှင့်ထိတွေ့မှုကြီးထွားလာသည်နှင့်အမျှဘုရားသခင်၏ သာ၍ ကြီးမြတ်သောအမှုများကိုပို၍ပို၍တွေ့မြင်ရကာအံ့သြခြင်း၊ပျော်ရွှင်ဝမ်းမြောက်မှုဖြင့်ခရစ်တော်ကို သာ၍သာ၍ဝန်ခံနိုင်သောဘဝ၏ပြောင်းလဲခြင်းတစ်ခုရရှ်ိလာမည်ဖြစ်ပါသည်။မိတ်ဆွေသင်သည် ခရစ်တော်နှင့်အမှန်တကယ်တွေရှိသောသူဖြစ်ပြီလား။သင်၏ပြောင်းလဲခြင်းအတွက်ခရစ်တော်ဘုရားရှင်အမြဲဂုဏ်ယူနေမှာပါ။