8.1.2024 – The Baptism of the Lord; Feast, ခရစ်တော်ဘုရားရှင် ဆေးကြောခြင်းခံယူတော်မူခြင်းပွဲနေ့
Mark 1:7-11 ရှင်မာကု ၁း ၇-၁၁
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ခရစ်တော်ဘုရားရှင် ဆေးကြောခြင်းခံယူတော်မူခြင်းပွဲနေ့
ယနေ့သမ္မာကျမ်းစာ၏ရပ်တည်ချက် "ငါသည်သင်တို့ကိုရေဖြင့်ဆေးကြော၏။ ငါ့နောက်မှာကြွလာတော်မူမည့်သူကားသင်တို့အားသန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဆေးကြောတော်မူလိမ့်မည်။"အစအဦး၌ဘုရားသခင်၏ဝိညာဉ်တော်သည် ရေပေါ်တွင်လှုပ်ရှားလျက်ရှိ၏။ (ကမ္ဘာဦး ၁း၂)ရေ၌ဝိညာဉ်တော်အစွမ်းရှိ၏ထိုကြောင့်ရေ၌1.အေးမြပြီးပူလောင်မှုကို ပြေငြိမ်းစေခြင်း2. ကြည်လင်ပြီး သန့်ရှင်းမှုကို ဆောင်ကြဉ်းပေးနိုင်ခြင်း3.ပျော့ပြောင်း၍ မာကြောမှုကိုနူးညံစေနိုင်ခြင်းစသော တန်ခိုးအာနိသင်များ ပေါက်ဖွားလာလေသည်။•ယောဟန်ထံမှ ရေဖြင့် ဆေးကြောခြင်းကို ခံယူပြီးသောခရစ်တော်သည် ဝိညာဉ်တော်ဖြင့် ဆေးကြောခြင်း ပေးမည့်သူဖြစ်လာပြန်လေသည်။ခရစ်တော်ဆေးကြောခြင်းခံသောအခါ ရေနှစ်ဆေးကြောခြင်းနည်စဉ်ကို အသုံးပြုသည့်အကြောင်းမှ1.ရေထဲဆင်းခြင်း-တနည်းအားဖြင့် ကောင်းကင်မှမြေကြီးပေါ်သို့ ဆင်းကြွလာခြင်း2. ရေနှစ်ခြင်း၊-လောကအပြစ်ကို မိမိပခုံး၌ထမ်း ကာ ရေတွင်မျှောပစ်လိုက်ခြင်း၊- တနည်းမှာ လောက၏အပြစ်ကြွေးကို အသွေးသွန်းခြင်းအားဖြင့်ဆေးကြောသန့်စင်ပြီးသေခြင်းသို့ဝင်သွားခြင်း3. ရေမှ ပြန်ထလာခြင်း၊-တနည်းအားဖြင့် သေမင်းကိုအနိုင်ပိုင်း၍ ထာဝရအသက်ရှင်ရာသို့ပြန်လည်ထမြောက်လာခြင်းအကြောင်းကိုကျွန်ုပ်တို့သိရှိကာ လက်ခံယုံကြည်လာနိုင်ရန်ဖြစ်ပါသည်။မိတ်ဆွေ သင်ဆေးကြောခြင်းခံယူဘောအချိန်၌ အရာသုံးခုဖြစ်ပေါ်နေသည်ကိုသင်သိပါသလား:။•သင့်အတွက် ကောင်းကင်ပွင့်လစ်ခြင်း•ချိုးငှက်သင့်အပေါ် ဆင်းသက်လာခြငး•သင့်ကိုဘုရားသခင်က "ငါ၏ချစ်သား(သို့)ငါ၏ချစ်သမီး"ဟုခေါ်ဆိုခြင်းပင်တည်းထို့ကြောင့် သင်သည် ဆေးကြောခြင်းခံယူပြီးသူဖြစ်ပါလျင်အမြဲတစေဝမ်းမြောက်ဂုဏ်ယူနိုင်ပါစေကွယ်။