9.1.2024 – Tuesday of Week 1; St. Andrian of Canterbury- သာမန်ကာလ ပထမအပတ်အင်္ဂါနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 1:21-28 - ရှင်မာကု ၁း၂၁-၂၈
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
"သွန်သင်ခြင်းအသစ်လေလား"ခရစ်တော်၏ သွန်သင်ချက်များမူကား အစဉ်အမြဲအသစ်ဖြစ်၏။အချိန်သည်ရွေ့ချင်တိုင်းရွေ့သည်မဟုတ်သလိုခေတ်ကာလသည်လည်းပြောင်းချင်တိုင်းပြောင်း ပြောင်းလဲသွားရသည်မဟုတ်ပါ။"နှုတ်တော်ထွက်စကားသည် အရာရာကိုအသစ်ပြုပြင်လျက်ရှိ၏"ဟုသမ္မာကျမ်းကဆိုလျင်မှားနိုင်ပါဦးမလား။ခရစ်တော်၌အလွန်ထိရောက်သောသွ့န်သင်ခြင်း ၂မျိုး ရှိသည်။1.နှုတ်ဖြင့်ဟောပြောခြင်း2.လက်တွေ့ဆောင်ရွက်မှုပေးခြင်းတို့ပင်ဖြစ်ပေသည်။•တရားဇရပ်၌ ခရစ်တော်သည်အခွင့်အာဏာဖြင့်ဟောပြောတော်မူသောကြောင့်ကြားနာသူပရိတ်သတ်အများနှလုံးယိုဖိတ်မတတ်ဝမ်းသာကြည်နူးရလေသည်ကား•နတ်ဆိုးကိုမောင်းထုတ်ပေးခြင်းအားဖြင့်နတ်စွဲသောသူကိုလက်တွေ့ကျကျ ကုသကယ်တင်လိုက်ခြင်းကားသွန်သင်ခြင်းအသစ်ပင်မဟုတ်ပါလော။မိတ်ဆွေသင်သည်ထိုသွန်သင်ချက်အသစ်များကိုရှာဖွေတွေ့ရှိခဲ့ပါလျင်သင်၏နေ့စဉ်အသက်တာသည်အံ့သြခြင်း၊စိတ်နှလုံးကြည်နူးခြင်းတို့ဖြင့်ရစ်မူးရပါလိမ့်မည်။