10.1.2024 –Ordinary Time, Wednesday of Week 1;- သာမန်ကာလ ပထမအပတ် ဗုဒ္ဓဟူးနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 1:29-39 - ရှင်မာကု ၁း၂၉-၃၉
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့သမ္မာကျမ်းစာ၏ရပ်တည်ချက်"ခရစ်တော်သခင်သည်ရောဂါဝေဒနာအမျိုးမျိုးကိုကုသခြင်း"ရောဂါဝေဒနာအရင်းအမြစ်၃မျိုးရှိပါသည်။1.ကာယပိုင်းဆိုင်ရာ2.စိတ်ပိုင်းဆိုင်ရာ3.ဝိညာဉ်ရေးဆိုင် ရောဂါဝေဒနာတို့ပါပဲ၁။ကာယပိုင်းဆိုင်ရောဝေဒနာများမှာ•ဖျားနာခြင်း၊အိုခြင်း၊ သေခြင်း•ကိုယ်လက်အင်္ဂါနှင့်ခန္ဓာပိုင်းဆိုင်ရာချို့ယွင်းမှုနာကျင်မှုဟူသမျှတို့ပင်ဖြစ်ပါသည်။ဤရောဂါမျိုးကိုလူတိုင်းကြောက်ကြသည်မှန်၏။၂-စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ၂ပိုင်းရှိသည်။ပထမအပိုင်းမှာကာယနှင့်ဆက်နွယ်သောရောဂါများဖြစ်သည့်•နတ်ဆိုးစွဲခြင်း•စိတ်မနံ့ခြင်း•တစ်ခုခုအပေါ်စိတ်စွဲလန်းမှုအမြစ်တွယ်နေခြင်းများဖြစ်ပြီးဒုတိယတစ်ပိုင်းမှာမူ ဝိညာဉ်ရေးနှင့် ဆက်နွယ်နေသည့်•လောဘကြီးခြင်း•ဒေါသကြီးခြင်း•မောဟ၊အတ္တ၊မာန်မာနကြီးစိုးခြင်းဟူမျှတို့ပင်ဖြစ်ပါသည်။စိတ်ပိုင်းဆိုင်ရာရောဂါသည်အဖြစ်အများဆုံးရောဂါဖြစ်သလိုသေကြေခြင်း၊ ပျက်စီးခြင်း နှင့် ဆုံရှုံးမှုနှုန်းအများဆုံးပေးနိုင်သောရောဂါလည်းဖြစ်ပါသည်။အဆိုးဆုံးမှာ ထိုရောဂါစွဲကပ်နေမှန်း လူတွေမသိကြခြင်းပင်ဖြစ်လေသည်။၃-ဝိညာဉ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာအချို့တို့ကိုဖော်ပြရလျင်•ခိုးဝှက်၊လုယက်၊ တိုက်ဖျက်ခြင်းအမျိုးမျိုး•မုသာဝါဒဖြင့်လိမ်လည်လှည့်ဖြားလာဒ်စား၊ဖြတ်စားခြင်းအမျိုးမျိုး• သောက်စားပျော်ပါး၊ကာမလိုက်စားမှုနှင့်လူ့ဂုဏ်သိက္ခာကိုစော်ကားခြင်းအမျိုးမျိုး•ရန်ငြိုး၊ရန်စ၊ရန်ဖြစ်၊စစ်ခင်း၊ပြစ်တင်ရှုတ်ချ၊သတ်ကြ ဖြတ်ကြနဲ့ ကျူးလွန်လိုက်ကြတဲ့ ခေတ်ပြောင်းရာဇဝတ်ပုံစံ အမျိုးမျိုး..ဤရောဂါတွေကြောင့်ငရဲမင်းလက်ခမောင်းခတ်လေပြီပေါ့ကွယ်။ပို၍ဆိုးသည်မှာ ထိုရောဂါစွဲကပ်နေသည်ကိုလူတွေမသိကျိုးကျွန်ပြုကြခြင်းပင်ဖြစ်သည်။မိတ်ဆွေ သင်သည် ရောဂါဝေဒနာအမျိုးမျိုး၏ ချုပ်နှောင်မှုအောက်မှအစဉ်လွှတ်မြောက်ပါစေလို့ ကျွန်ုပ်ဆုတောင်းပါတယ်။ယနေ့ ခရစ်တော်ဘုရားရှင်သည်ရောဂါဝေဒနာအမျိုးမျိုးကို ကုသခြင်းအားဖြင့် လူသားမျိုးနွယ်အားအချုပ်အနှောင်အမျိုးမျိုးမှ လွှတ်မြောက်စေခဲ့ပြီပဲ။