Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-09 22:21:04

11.1.2024 –Ordinary Time, Thursday of Week 1;- သာမန်ကာလ ပထမအပတ် ကြာသပတေးနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 1: 40-45  ရှင်မာကု ၁း၄၀-၄၅
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
 Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ယနေ့သမ္မာကျမ်းစာ၏ရပ်တည်ချက်"နူနာရောဂါ ကုသခြင်းအကြောင်း"ခရစ်တော်ဘုရားရှင်၏ကယ်တင်ခြင်းလမ်းစဉ်များသည် အလွန်တရာမှပင် ဆန်းကျယ်လှပါပေသည်။ယနေ့ အနူသည်တစ်ဦးကို ကုသလိုက်ပုံကားတခြားကုသမှုများနှင့်မတူတမူထူးခြားနေပြန်ပါသည်။ထိုသို့သမာရိုးကျကုထုံးများနှင့်မတူရခြင်း အကြောင်းမှာထိုအချိန်၌အနူရောဂါသည် ကုစရာနတ္တိဆေးမရှိသောကူးစက် ရောဂါကြီးဖြစ်နေခြင်း။ဝေဒနာရှင်များသည် တခြားသူများနှင့်အတူနေခွင့်မရှိဘဲ လူသူနှင့် ကင်းဝေးရာသို့ စွန့်ပစ်ခံရခြင်း။လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့်အခွင့်အလမ်းများအားလုံးဆုံးရှုံးသွားခြင်း။ကံဖေးမအကြောင်းလေးလှလို့ သဘာဝအလျှောက်ရောဂါပျောက်ကင်းခဲ့လျင်တောင်မှရဟန်းဆီကိုသွား မိမိကိုယ်ကိုပြကာရောဂါကင်းစင်ကြောင်းထောက်ခံချက်လက်မှတ် ရယူပြီးမှလူအများနှင့်ပြန်လည်နေထိုင်ခွင့်ရသည် ဟူ၏။ခရစ်တော်ဘုရားရှင်သည် ထိုဓမ္မသတ်များကိုလုံးဝပယ်ဖျက်ခြင်းမပြုသည့်အပြင်ပို၍ပင်ပြည့်စုံအောင်ဆောင်ရွက်ပေးပုံကား"အာပါတ်ဖြေခြင်းစက္ကရာမင်တူး"ကိုပင်တည်ထောင်ပေးလိုက်ခြင်းဖြစ်သည်။ တနည်းအားဖြင့်အပြစ်နှင့်အနူအနူနှင့်အပြစ်တူညီသော သဘောကို ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။အနူရောဂါကြောင့် လူ့ဘဝသေရသည်နည်း တူအပြစ်တွေကြောင့်နာမည်တစ်လုံးဘဝတစ်ခု သေကြရသည် မဟုတ်ပါလော။အပြစ်မှလွှတ်မြှောက်ခြင်းသက်သေခံလက်မှတ်ကိုရဟန်းများထံမှရယူနိုင်ပါမှကောင်းကင်နိုင်ငံတော်ရှိလူ့အသိုင်းအဝိုင်းထဲသို့ လုံခြုံစွာဝင်စားနိုင်မည်ဟူသောအချက်ကိုကက်သလစ်သာသနာတော်ကြီးက အကြွင်းမဲ့လက်ခံယုံကြည်ထားလေသည်။ထို့ကြောင့်အာပါတ်ဖြေခြင်းစက္ကရာမင်တူးသည်ကက်သလစ်ဘာသာဝင်များအတွက်လုံးဝတန်ဘိုးမဖြတ်နိုင်သောကယ်တင်ခြင်းလမ်းစဉ် တစ်ခုပင် ဖြစ်လေတော့သည်။မိတ်ဆွေသင်သည်ဝိညာဉ်ရေးအနူရောဂါကြီးမှအစဉ်ကင်းဝေးပါစေကွယ်။

Daily Reflection