13.1.2024 –Ordinary Time, Saturday of Week 1;- သာမန်ကာလ ပထမအပတ် စနေနေ့
Mark 2: 13-17 ရှင်မာကု ၂း၁၃-၁၇
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်လေဝိတစ်ဦးကိုခေါ်တော်မူခြင်းအခွံခံရုံးထက်ဝင်ငွေကောင်းသောနေရာဘယ်မှာရှိနိုင်ပါဦးမည်နည်း။ ဤနေရာတွင်အလွန်ဆန်းကျယ်သော အချက်တစ်ချက်မှာ လေဝိသည်အခွံခံရုံးကိုစွန့်၍ သခင်ခရစ်တော်နောက်သို့ လိုက်သွားခြင်းပင်ဖြစ်သည်။ဤလောကတွင် ငွေထက်ဘယ်အရာသည်အရေးကြီးသနည်း။ငွေကိုဘယ်အရာနှင့်လဲနိုင်ပါဦးမည်နည်း။သို့သော် လေဝိသည် ငွေထက်အရေးကြီးသောအရာကို ရှာဖွေတွေ့ရှိလေပြီ။ထိုအရာကား ကယ်တင်ရှင်ခရစ်တော်ပင်ဖြစ်သတည်း။ခရစ်တော်ကိုတွေ့သောသူသည် မြင့်မြတ်သောဘဝသစ်တစ်ခုကို ပိုင်ဆိုင်ရန် မခက်ခဲတော့ပါ။ ယနေ့လေဝိသည် လေဝိမဟုတ်တော့ပါ။ တမန်တော်ကြီးသံမာတေဦးဖြစ်သွားလေပြီ။ယနေ့ကောင်းကင်ရွှေနိုင်ငံတော်သည်ဟိုတချိန်က အခွံခံရုံးလေးနဲ့ဘယ်လိုမှမလဲနိုင်တော့ပါ။မိတ်ဆွေ သင်ပိုင်ဆိုင်ထားသောခရစ်တော်ကို မည်သည့်အရာနှင့်လဲနိုင်ပါဦးမည်နည်း။ ခရစ်တော်သည် ငါတို့ကိုအပြစ်သားဘဝမှဘုရားသခင်၏သားသမီးများအဖြစ်သို့ ပို့ဆောင်ခဲ့ပြီမဟုတ်ပါလော။