14.1.2024 - Second Sunday in Ordinary Time, သာမန်ကာလ ဒုတိယ တနင်္ဂနွေနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
First reading - 1 Samuel 3:3-10,19(ရှမွေလကို ခေါ်တော်မူခြင်း)ဘုရားသခင်က"ရှမွေလ ရှမွေလ"ဟုခေါ်တော်မူသော် ရှမွေလကလည်း"ကျွန်ုပ်ရှိပါ၏အရှင်ဘုရားအမိန့်ရှိတော်မူပါ"ဟု လျှောက်ဆိုလေ၏။မိတ်ဆွေဘုရားသခင် သင့်ကိုခေါ်တာကြားဖူးပါသလား???သြ ဒါကြောင့်ကိုး!!!ပြောင်းလဲမှုတစ်ခုအတွက် အလွန်ခက်ခဲခြင်း.Second reading -1 Corinthians 6:13-15,17-20ဘုရား၏ဗိမာန်တော်"သင်တို့၏ ခန္ဓာကိုယ်များသည် ဘုရားကိန်အောင်းရာဗိမာန်တော်များဖြစ်ကြ၏။ထို့ကြောင့် သန့်ရှင်းစင်ကြယ်အောင်ထားကြလော"ဟုသံပေါလု တိုက်တွန်းလေသည်။ကိလေသာတဏှာရာဂများစွာအထဲက ကာမဂုဏ်လိုက်စားခြင်းသည် သင့်ခန္ဓာကိုယ်၏သန့်ရှင်းမှုကို အဖျက်ဆီးနိုင်ဆုံးအရာဖြစ်၏။ဆိုသည်မှာသင်သိပါသလားဟု သံပေါလူး မေးလိုက်ခြင်းပင်။Gospel -John 1:35-42"ငါတို့သည် ကယ်တင်ရှင် မယ်ဆီးယာ ကို တွေ့လေပြီ"ကယ်တင်ရှင် မယ်ဆီးယာကို အမှန်တကယ်တွေ့သောသူသည် ဘဝ၏ပြောင်းလဲခြင်း အမှန်ဖြစ်ပေါ်လိမ့်မည်။'ရိုးရိုးတံငါသည်များသည်တမန်တော်ကြီးများ'အဖြစ်သို့လည်းကောင်း၊"ဆိုင်မွန်"ဟူသော သာမန်လူသားတစ်ဦးသည်"ပေတြူး"တည်းဟူသောကျောက်ဆောင်အဖြစ်သို့လည်းကောင်း ပြောင်းလဲသွားလေသည်။ထို့အပြင် ထိုကျောက်ဆောင်အပေါ်မှာမပြိုမလဲနိုင်သော ခရစ်တော်၏သာသနာတော်တည်းဟူသော ကက်သလစ်အသင်းတော်ကြီးကို တည်ဆောက်နိုင်သော၊ခိုင်မာသောပုဂ္ဂိုမြတ်တစ်ဦးအဖြစ်သို့ပြောင်းလဲသွားလေတော့သည်။မိတ်ဆွေ သင်သည်ခရစ်တော်ကို အမှန်တကယ်သိပါလျင် ထို့အတူပြောင်းလဲသွားပေလိမ့်မည်မဟုတ်ပါလော။