15.1.2024 - Second Week in Ordinary Time, Monday.
သာမန်ကာလ ဒုတိယအပတ် တနင်္လာနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက် - Mark 2:18-22
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
အစာရှောင်ခြင်းအကြောင်း-အစာရှောင်ခြင်းဆိုသည်မှာ ထူးခြားသောကုသိုလ်အကျိုးရှာဖွေခြင်းတစ်မျိုးပင်ဖြစ်သည်ဟုဆိုရပေမည်။ထို့ကြောင့်1.နေရာတကာတွင် အစာရှောင်ရန်မလိုအပ်နိုင်ပါ။2. ပွဲတော်ရက်မြတ်များ၌ အစာရှောင်စေခြင်းသည်ရှေးရိုးအစွဲများတွင်ပင်ရှာဖွေမတွေ့ရှိနိုင်ပါ။အစာရှောင်ရန်ပြဌာန်းထားသောနေ့ရက်များကိုကောင်းသောရည်ရွယ်ချက်ဖြင့်စောင့်စည်းနေလျင်ပင် လုံလောက်နိုင်ပါသည်။ သို့သော်ထူခြားသောရည်ရွယ်ချက်တစ်ခုခုဖြင့်သင်အစာရှောင်မည်ဆိုလျင်တောင်မည်သူမျှတားဆီးပိုင်ခွင့်မရှိပါ။ များသောအားဖြင့်ခေတ်သစ်၏အတွေးအခေါ်များသည် ခေတ်ဟောင်းထဲပြန်ယူသွားလို့မရနိုင်သလို ခေတ်ဟောင်း၏အတွေးအခေါ်များသည် ခေတ်သစ်ထဲမည်သို့မျှမဝင်ဆန့်နိုင်တော့ပါ။ မိတ်ဆွေ သင်ထင်ချင်သလိုလွတ်လွတ်လပ်လပ်ယူဆနိုင်ပါတယ်။ကောင်းကြီးမင်္ဂလာတော်သည် သင်နှင့်အစဉ်ရှိပါစေကွယ်။