Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-15 00:45:06

16.1.2024 – Tuesday of week 2 in Ordinary Time
St. Berard and Companions
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 2:23-28 - ရှင်မာကု ၂း၂၃-၂၈
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

"ဥပုသ်နေ့သည်လူတွေအတွက်ဖြစ်သည်"ဥပုသ် ဓမ္မသတ်မှလွှတ်ငြိမ်းခွင့်ရနိုင်ဘွယ်ရှိသောသူများ1.ဆာလောင်မွတ်သွပ်သောသူ2.လွန်စွာနာမကျန်းဖြစ်သောသူ3.အရေးပေါ်ကယ်ဆယ်ရေးလိုအပ်သောသူ၊လုပ်ဆောင်ပေးသောသူ4.အရေးပေါ်စစ်အမှု ထမ်းဆောင်နေရသောသူတို့ပင်ဖြစ်သည်။ဥပုသ်နေ့သည် ဘုရားသခင်ဖန်ဆင်းထားသောအလွန်အရေးပါသောနေ့တစ်နေ့ဖြစ်သည်မှန်၏။ထိုဥပုသ်နေ့ကိုလူတို့အားကာယ၊စိတ်၊ဝိညာဉ်အတွက်အကျိုးပြုနိုင်ရန်ဓမ္မသတ်တရားတို့ဖြင့်အထူးတလည်စီမံထားလေသည်။သို့သော်လူသားများအား အကျိုးပြုရန်အရေးပေါ်အကြောင်းတရားများ ပေါ်ပေါက်လာပါကချစ်ခြင်းမေတ္တာကို ဓမ္မသတ်တရားကမလွှမ်းမိုးနိုင်တော့ပါ။ထို့ကြောင့်ဥပုသ်နေ့အတွက် လူတို့ကိုဖန်ဆင်းထားခြင်းမဟုတ်၊လူတို့အတွက်ဥပုသ်နေ့ကို ဖန်ဆင်းထားခြင်းသာဖြစ်သည်ဟုခရစ်တော်ဆိုလေသည်။မိတ်ဆွေ ဥပုသ်နေ့သည်သင့်၏ကယ်တင်ခြင်းအတွက်အလွန်အရေးပါကြောင်း သင်သိခဲ့လျှင်လုံလောက်ပေလိမ့်မည်ဟုကျွန်ုပ်ယုံကြည်ပါသည်။

Daily Reflection