Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-15 20:52:07

17.1.2024– Wednesday of week 2 in Ordinary Time. သာမန်ကာလ ဒုတိယအပတ် ဗုဒ္ဓဟူးနေ့
St. Anthony of Egypt
Mark 3:1-6 -ရှင်မာကု ၃း၁-၆
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

 

ယနေ့ သမ္မ္မာကျမ်းစာ၏ရပ်တည်ချက်လက်တစ်ဖက်သေသောသူ အားကုသပေးခြင်းယနေ့လက်တစ်ဖက်သေသောသူကိုမကုသမီကျမ်းတတ်ဆရာကြီးများအားမေးမြန်းသည်မှာ"ဥပုသ်နေ့၌ အကောင်းပြုအပ်သလော၊သို့မဟုတ် အဆိုးကိုပြုအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် သတ်အပ်သလော"တဲ့လေ။မိတ်ဆွေ သင်သည်လည်းထိုမေးခွန်းကို ဖြေကြည့်နိုင်ပါသည်။အသက်သည်အရာအားလုံးထက်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်အရာအားလုံးထက်တန်ဘိုးအလွန်မြင့်သော ဘုရား၏လက်ဆောင်မွန်ဖြစ်သည်။အသက်ကယ်ဆယ်ရေးအကြောင်းထူးလာပါကဓမ္မသတ် ဥပဒေအတားအဆီးများကိုထက်တွက်၍ မဖြစ်နိုင်တော့ပါ။ ဓမ္မသတ်များ၊ဥပဒေများတို့သည် အသက်ကိုသတ်ဘို့မဟုတ် အသက်ကို ကယ်ဘို့ သက်သက်သာဖြစ်ရမည်။ မြောက်များစွာသောလူသားပြု ဥပဒေတို့သည်အသက်ကိုသေစေကြသည်သာမက အသက်ကိုကယ်နိုင်သောလက်များကိုပင်သေစေကြပြီမဟုတ်ပါလော။မိတ်ဆွေ ယနေ့အသက်ပေါင်းများစွာကို ကယ်တင်ပေးဘို့ သင်၏လက် အထူးလိုအပ်နေကြောင်း ခရစ်တော် ဖိတ်ခေါ်ခြင်းပင်ဖြစ်သည်။ သေနေသောလက်များ ခရစ်တော်ထံမှ ကုသမှုခံယူနိုင်ပြီး အန္တရာယ်ကြားမှ အသက်ပေါင်းများစွာတို့ကိုကယ်ဆယ်နိုင်ကြပါစေကုန်သော်။

 

Daily Reflection