Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-18 01:36:02

19.1.2024 – Friday of week 2 in Ordinary Time. သာမန်ကာလ ဒုတိယအပတ် သောကြာနေ့
Mark 3:13-19 -ရှင်မာကု ၃း၁၃-၁၉
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ယနေ့သမ္မာကျမ်းစာ၏ရပ်တည်ချက်တမန်တော်ကြီး ၁၂ပါးကို ရွေးချယ်တော်မူခြင်းလုပ်ငန်းတစခုစတင်နိုင်ရန်အတွက်လုပ်ဆောင်နိုင်မည့်လူသားအရင်းအမြင့်အထူးလိုအပ်ကြောင်း ခရစ်တော်သခင်သင်ပြလေပြီပဲ။တမန်တော် ၁၂ပါးကို ရွေးချယ်ခန့်အပ်ခြင်းသည်အလွန်စနစ်ကျသောကယ်တင်ခြင်းလုပ်ငန်းအတွက် ပြင်ဆင်မှုတစ်ရပ်ပင်ဖြစ်ပေသည်။တမန်တော်၁၂ပါးကိုရွေးချယ်ရာ၌1.လုပ်ဖော်ကိုင်ဘက်ဖြစ်ဘို့ရန်အတွက်2.တရားဒေသနာဟောကြားဘို့ရန်အတွက်ရည်ရွယ်ရင်း3.နတ်ဆိုးများမောင်းထုတ်နိုင်ဘို့ရန်အတွက်အခွင့်အာဏာများကိုလည်းပေးအပ်ထားပါသည်။ထိုအပြင်အစ္စရေးလူမျိုး ၁၂မျိုးကိုကိုယ်စားပြုထားခြင်းဖြစ်သည်ဟုကျမ်းစာတော်မြတ်ကဆိုထားလေသည်။ဂျော်ဒန်မြင့်ကိုဖြတ်ကျော်ပြီးနောက်အစ္စရေးလူမျိုး ၁၂မျိုးအထဲမှတစ်မျိုးတစ်ဦးစီရွေးချယ်ကာရဟန်းများရပ်နေသောမြစ်အလယ်မှကျောက်တစ်လုံးစီသယ်ဆောင်သွားစေခြင်းဖြင့်ကတိတော်ပြည်သို့လုံခြုံစွာရောက်ရှိခြင်းမှတ်ကျောက်တည်စေခြင်းနိမိတ်ပုံရိပ်တစ်ခုလည်းဖြစ်ပါသည်။နံပါတ်၁၂သည် ဘုရားသခင်၏ အာဏာစက်ပြီးပြည့်စုံမှုကိုအထူးဖော်ကျူးထားပါသည်။သာသနာတော်ကြီးထာဝရတည်မြဲစေရန်တမန်တော်ကြီး ၁၂ပါး အပေါ်မှာအခြေခံအုတ်မြစ်ချထားခြင်းလည်းဖြစ်ပါသည်။မိတ်ဆွေသင်သည်ခရစ်တော်၏သာသနာတော်ကြီးထဲ၌ထာဝရရှင်သန်ခွင့်ရရှိသည့်အတွက်အမြဲဂုဏ်ယူနိုင်ပါစေကွယ်။

Daily Reflection