21.1.2024 – 3rd Sunday in Ordinary Time; St. Agnes Feast
တတိယ အပတ် သာမန်တနင်္ဂနွေနေ့၊ စိန့်အဲဂ္ဂနက် ပွဲနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 1:14-20 - ရှင်မာကု ၁း၁၄-၂၀
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဒီနေ့ ကျမ်းပိုက်မှာတော့ ခရစ်တော် အိမ်ပြန်သည် ဆို၏။ တခြားကျမ်းပိုဒ်များ ဖြစ်သောမာကု ၆း၁-၂ လုကာ ၄း၁၆ ၌မူကား"မိမိ၏ မြို့သို့ ပြန်တော်မူ၏" ဟုဆိုလေသည်။သမ္မာကျမ်းစာအရ ခရစ်တော်သည် မိမိ၏ကယ်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာ အချိန်ကာလ တလျှောက်လုံး၌ အိမ်နှစ်ခါပြန်သည်ဟု ဆိုရပေမည်။အိမ်ဘဲ ပြန်ပြန်၊ ရွာဘဲပြန်ပြန်ထူးခြားချက်တော့ရှိပေသား။၁။ ကျေနပ်ဖွယ်မရှိသောဆွေမျိုးသားချင်း၊ ရွာသူရွာသားများ၏တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့်ကယ်တင်ခြင်းလုပ်ငန်းကို အိမ်ကစရမည်ဖြစ်ကြောင်းပေါ်လွင် လှပေသည်။၂။လူ့သားများ၏ အခြေခံကျင့်ဝတ်လည်းဖြစ်၊ဘုရား၏ပညတ်တော်သွန်သင်ချက်လည်းဖြစ်သော"မိဘများကိုရိုသေရမည်"ဟူသောအချက်ကိုပြည့်ဝစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပေါ်လွင်စေပါသည်။၃။မည်သူမဆို မိမိဘဝဘယ်ကစသည်ကိုလုံးဝလုံးဝမမေ့အပ်ကြောင်းသွန်သင်ခြင်းလည်းဖြစ်တန်ရာ၏။မိတ်ဆွေသင်သည်ဘဝမေ့သောသူ ဖြစ်လေသလား??ဒါဆိုရင်အိမ်လေးဘာလေး ပြန်ပါဦးလို့ အကြံ ပြုချင်ပါတယ်။ခရစ်တော်သခင်သည်ကျွန်ုပ်တို့အားအိမ်ပြန် ခြင်း၏အနှစ်သာရကိုသင်ကြားပေးနေလို့ပါဘဲ။