22.1.2024 တတိယ အပတ် သာမန်တနင်္လာနွေနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 3:22-30 - ရှင်မာကု ၃း၂၂-၃၀
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့သမာကျမ်းစာ၏ရပ်တည်ချက်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားသောအပြစ်မိတ်ဆွေသင်သည်နတ်ဆိုး၏နိုင်ငံတော်အကြောင်းနှင့်ရင်းနှီးပြီးသားဖြစ်မည်ဟုကျွန်ုပ်ယုံကြည်ပါသည်။ဒါဆိုရင် အဖျက်လုပ်ငန်းများဆောင်ရွက်ရာ၌ နတ်ဆိုးတို့သည် အလွန်စည်းလုံးညီညွတ်မှု ရှိကြောင်း ထူးထူးထွေထွေရှင်းပြစရာလိုပေလိမ့်မည်ဟု မထင်တော့ပါ။နတ်ဆိုးကိုအမှီပြု၍နတ်ဆိုးကိုမောင်းထုတ်ခြင်းသည်အထက်လမ်း၊ အောက်လမ်းပညာရှင်များ၏ ဝမ်းစာရှာလှည့်စားလုပ်ကြံဆောင်ရွက်မှုတစ်ခုသာဖြစ်သည်ဟု ကြားသိရပါသည်။ ထိုအချက်မှန်ကန်ကြောင်းကိုထိုပညာရှင်များကသာလျင် ပို၍ ရှင်းပြနိုင်ပါလိမ့်မည်။သိုသော် ခရစ်တေ်သည် ထာဝရဘုရားသခင်၏ အနန္တ တန်ခိုးတော်အာဏာဇက် အကြွင်းမဲ့လွှမ်းမိုးမှုဖြင့် နတ်ဆိုးများကိုနှင်ထုတ်သည်ဟူသောအချက်ကို ယုံမှားသံသယဖြစ်စရာအကြောင်းမရှိပါ။"သံသယ"သည်နတ်ဆိုး၏အကောင်းဆုံးလက်နက်ဖြစ်ကြောင်း ကြားဖူးကောင်းကြားဖူးကြပေလိမ့်မည်။ ထိုလက်နက်ကို ကောင်းစွာအသုံးပြုတတ်သော နတ်ဆိုးတို့သည်သန့်ရှင်းသောဝညာဉ်တော်ဘုရားကို ပြစ်မှားသည်အထိ လူသားများကိုဆွဲခေါ်သွားနိုင်လေသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ပြစ်မှားသော လူနှစ်မျိုးရှိသည်1.သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုအောက်၌ကယ်တင်ခြင်းတရားအကြောင်း ကောင်းမွန်စွာသိရှိပါလျက်နှင့် ယုံကြည်ဘို့လုံးလုံးငြင်းပယ်သောသူ။2.သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုအောက်၌ မကောင်းမှုကိုမကောင်းမှုမှန်းသိလျက်နှင့် နောင်တတရားမရှိဘဲ ထိုမကောင်းမှု၌ ပင်သေဆုံးသွားသောသူ။နောင်တယူရန် ထာဝရဘူးခံနေသူဟုကျမ်းစာတော်မြတ်ဆိုထားလေသတည်း။ ထိုအဖြစ်နှစ်ရပ်စလုံးမှ ကျွန်ုပ်၏ ချစ်မိတ်ဆွေလွှတ်မြောက်ပါစေမိအကြောင်း အစဉ်အမြဲဆုတောင်းပေးပါ၏။