Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-23 04:14:06

24.1.2024 - Wednesday of Week 3 in Ordinary Time
တတိယ အပတ် သာမန်ကာလ ဗုဒ္ဓဟူးနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 4: 1-20- ရှင်မာကု ၄း၁-၂၀
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

မျိုးကြဲသူအကြောင်း-မျိုးစေ့လေးမျိုး မြေလေးမျိုး နှင့် တူသောလူလေးမျိုး

 

၁။လမ်းပေါ်တွင်ကျသောမျိုးစေ့၊တနည်းအားဖြင့်လမ်းပေါ်ကလူပါပဲ။ဤမည်သောမျိုးစေ့နှင့်တူသောသူမည်သည်ကား နှုတ်တော်ထွက်စကားသည် ကျလာအခါလမ်းမြေဖြစ်နေသောကြောင့် မိတ်ဆွေစဉ်းစားသာကြည့်ပါတော့1.လူအများနင်းခြေခြင်းခံရနိုင်သည်2. မြေအောက်၊ ရေနောက်ပါသွားနိုင်သည်3.ကျေးငှက်သရကာများ ပေါက်စားကောက်သွားနိုင်သည်ဝိညာဥ်ရေးရှင်သန်မှု အဘယ်ကဲ့သို့ ရရှိနိုင်ပါမည်နည်း။၂။ကျောက်ပေါ်မှာ ကျသောမျိုးစေ့၊ တနည်းအားဖြင့် ကျောက်ပေါ်ကလူ။ဤမည်သောမျိုးစေ့နှင့်တူသောသူသော်ကား နှုတ်တော်ထွက်စကားသည် ကျောက်ပေါ်တွင် ကျရောက်၍ အမြင့်မတွယ်နိုင်သကဲ့သို့ ခေါင်းမာသောသူ၌မြေဆီလွှာမရှိ၊မြေသြဇာမပြည့်မီပါသဖြင့်ယုံကြည်ခြင်းအပင် ရှင်သန်ဘို့ရန် အလွန်ခဲယင်းလှပေ၏။၃။ဆူးချုံကြား၌ ကျသော မျိုးစေ့၊ တနည်း အားဖြင့် ချုံကြားကလူ။ဤကဲ့သို့သောသူများကား ဆူးချုံနှင့်တူသော1.ဥစ္စာကြွယ်ဝချမ်းသာခြင်း2.ဂုဏ်၊ပကာသနများပြားခြင်း3.ကိလေသာ၊တဏှာရာဃ၊ကာမဂုဏ်လိုက်စားမြှောက်စားမှုနောက်သို့ရောက်ရှိနေခြင်းကြောင့် နှုတ်တော်ထွက်စကားအပင်မပေါက်ရောက်နိုင်ပါတကား။၄။ကောင်းသောမြေ၌ကျသောမျိုးစေ့၊တနည်းအားဖြင့်ကောင်းသောလူဟူ၍ လေးမျိုးရှိသတဲ့။ကောင်းသောမြေ၊ ကောင်းသောရေ၊ ကောင်းသောမျိုးစေ့ ဟူ၍ ကောင်းခြင်းများ ပေါင်းစည်း ရာနေရာတွင် မျိုးစေ့များ အပင်ပေါက်၍ ရှင်သန်ကာ အဆ(၃၀)၊ အဆ (၆၀)၊ အဆ (၁၀၀) အသီး သီးလေသတည်း။လူတိုင်းလူတိုင်းသည် "နောက်ဆုံးမျိုးစေ့သာ ဖြစ်ရပါလို၏"ဟူ၍ဆန္ဒပြု ဆုတောင်းနိုင်ကြပါစေကုန်သတည်း။

Daily Reflection