25.1.2024 - Thursday of Week 3 in Ordinary Time
တတိယ အပတ် သာမန်ကာလ ကြာသပတေးနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 16: 15-18- ရှင်မာကု ၁၆း၁၅-၁၈
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့ သမာကျမ်းစာ၏ရပ်တည်ချက်-"ကမ္ဘာအရပ်ရပ်သို့ သွား၍ ဧဝံဂေလိတရားတော်ကို ဟောပြောကြလော"ကမ္ဘာအရပ်ရပ်သို့သင်မည်ကဲ့သို့ သွားမည်နည်း။ကက်သလစ်ယုံကြည်သူတစ်ယောက်အနေဖြင့်ဤအချက်ကို နားလည်ရန်မခက်ခဲလှပါ။ အကြောင်းမှာ•နေ့စဉ် မစ္ဆားတရားတော်မြတ် နာယူခြင်းအားဖြင့်ကမ္ဘာပေါ်ရှိ ကက်သလစ်သာသနာတော်ကြီးနှင့်အတူလူနှင့်အရာသတ္တဝါများအားလုံး ကယ်တင်ခြင်းအတွက် ပူဇော်သက္ကာယပြုကာဧဝံဂေလိတားတော်ကိုဖြန့်ဝေလျက်ရှိကြပါသည်။•နေ့စဉ်ခရစ်တော်၏ကယ်တင်ခြင်းနက်နဲဘွယ်ရာအချက်များနှင့်အတူပုတီးစိပ် ဆုတောင်းပေးခြင်းအားဖြင့်ကမ္ဘာပေါ်ရှိ ကက်သလစ်သာသနာတော်ကြီးနှင့်အတူ လူနှင့်အရာသတ္တဝါများအားလုံး ကယ်တင်ခြင်းရရှိဘို့ရန်အတွက်ဧဝံဂေလိတရားတော်ကိုဟောပြောကြလေသည်။•နှစ်စဉ် ရဟန်းမင်းကြီးဆိုင်ရာအလှူငွေများထည့်ဝင်ခြင်းအားဖြင့်ကမ္ဘာပေါ်ရှိ ဆင်းရဲသားများ၊ဒုက္ခအတိရောက်နေသူများကို တဘက်တလမ်းမှကူညီပေးခြင်းအားဖြင့်ဝမ်းမြောက်ဘွယ်ရာ သတင်း ကောင်းကိုနေ့စဉ်နှင့်အမျှဟောပြောနေကြသည်ဟု အသိပေးလိုပါသည်။ထို့ကြောင့် ကက်သလစ်ယုံကြည်သူများအနေဖြင့် အထက်ပါအချက်များကို ကောင်းမွန်လေးနက်စွာသိခဲ့ပါလျှင် 1.နေ့စဉ် မစ္ဆားတရားတော်မြတ် နာယူခြင်း2.နေ့စဉ် စိပ်ပုတီးစိပ်ခြင်းနှင့်3.နှစ်စဉ် ရဟန်းမင်းကြီးဆိုင်ရာ အလှူတော်ငွေ ဆက်ကပ်ခြင်း ဆောင်ရွက်ရာဝယ် နှလုံးသားထဲမှအလွန် နက်ရှိုင်းသော ပျော်ရွှင်မှုတစ်ခုခံစားရရှိမည်မှာ မလွဲနိုင်ပါ။ကမ္ဘာအရပ်ရပ်သို့သွား၍ ဧဝံဂေလိတရားတော်ကိုဟောပြောခြင်းအားဖြင့်ယုံကြည်သူအပေါင်း ထာဝစဉ်ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။