26.1.2024 - Friday of Week 3 in Ordinary Time
တတိယ အပတ် သာမန်ကာလ သောကြာနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 4:26-34 - ရှင်မာကု ၄း၂၆-၃၄
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
"အပင်တစ်ပင်၏ အံ့ဘွယ်ဖြစ်စဉ်နှင့်မုန်ညှင်းပင်၏ဆန်းကြယ်မှု"နှုတ်တော်ထွက်စကားဟူမူကားလူတစ်ယောက်သည်မျိုးစေ့ကိုကြဲ၏။ ညအချိန်အိပ်ပျော်နေသောအခါ ထိုမျိုးစေ့သည်အညှောက်ထွက်၍ အပင်ပေါက်လာပုံကိုမူသူမည်သို့မျှမသိနိုင်ပါ။ အပင်ကြီးထွား၍ အဖူး၊အပွင့်၊အသီးဖြစ်ပေါ်လာပုံကို အဘယ်ကဲ့သို့ နားလည်နိုင်ပါမည်နည်း။ အလွန်ပင်ဆန်းကြယ်၍အံ့ဘွယ်မခန်းဖြစ်လျက် ရှိသော ဘုရားရှင်၏တန်ခိုးတော်ကို မည်သူအန်တုနိုင်မည်နည်း။မုန်ညှင်းပင်တစ်ပင်၏ဖြစ်စဉ်ပင်လျင်မည်ကဲ့သို့သဘောပေါက်အောင် ဆင်ခြင်နိုင်မည်နည်း။ဟင်းသီးဟင်းရွက်တကာတို့၌အငယ်ဆုံးမျိုးစေ့ပင် ဖြစ်လေသော်ငြားလည်း အပင်ပေါက်လာသောအခါ ဟင်းရွက်ပင်တကာတို့တွင်အမြင့်ဆုံးဖြစ်လာလေသည်။ အကိုင်းအခက်ဝေဆာပုံများကျေးငှက်သရကာများပင်လျင် အသိုက်အမြုံများ ဆောက်နိုင်လောက်အောင်ကြီးထွားမှု အားကောင်းလာလေသည်။ ထာဝရဘုရားသခင်၏ မကုန်မခန်းနိုင်သောအံ့ဘွယ်ရာလုပ်ဆောင်ချက်များပင်မဟုတ်ပါလား။ အငယ်ဆုံးမျိုးစေ့ပိုင်ရှင်သည်အကြီးမားဆုံးသောအေးမြမှုအရိပ်ကို သတ္တဝါအပေါင်းတို့အား ရက်ရောစွာပေးစွမ်းနိုင်သည့်မုန်ညှင်းပင်ကလေးကိုအားကျမိလေရဲ့ကွယ်။ မိတ်ဆွေသင်သည်လည်း မုန်ညှင်းစေ့ကဲ့သို့အစွမ်းရှိသော ပုဂ္ဂိုလ်မြတ်တစ်းဦး ဖြစ်လာပါစေ။