27.1.2024 - Saturday of Week 3, in Ordinary Time
တတိယ အပတ် သာမန်ကာလ စနေနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 4: 35-41- ရှင်မာကု ၄း၃၅-၄၁
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
"ခရစ်တော်ဘုရှင်အိပ်ပျော်နေသည်"အရေးပေါ်မှ ဘုရားကိုခေါ်တတ်သည့်လူ့မနောသဘောတရား။အခက်မကြုံလျင် အဖက်တောင်မလုပ်ချင်တဲ့တဘက်သတ်အတ္တသမားများ။လုတ်ထိမှအမိတတ်လေတော့တခါတရံဘုရားအိပ်ပျော်တော့လည်းအကောင်းသား။အကယ်စင်စစ်ဘုရားဟူသည်အိပ်သည်မရှိ။ဆိတ်နေခြင်းသာဖြစ်တန်ရာ၏။သို့သော် ကျောက်ရွံ့ခြငိး၊စိုးရိမ်ထိပ်လန့်ခြင်းကြောင့် ဒုက္ခ သေဘေးမှချက်ချင်းလက်ငင်းလွှတ်မြောက်လိုသောဇောကြောင့်အချိန်အနည်းငယ်မျှစောင့်ဆိုင်းရလျှင်ပင်သည်းညင်းမခံနိုငသောသဘောကိုဖော်ပြခြင်းလည်းဖြစ်နိုင်ပေသည်။ကောင်းစားသောအချိန်များ၌ဘုရားမလို ငါ့ကိုယ်ကိုငါသာကယ်နိုင်၏ ဟူ၍အနန္တတန်ခိုးတော်ကို စိန်ခေါ်အံတုခဲ့သူမျိုးများလေလားတော့မသိ။တခါတလေဘုရားသခင်အိပ်ပျော်ခါမှကိုယ့်အားနည်းချက်ကို သိလာနိုင်မယ်ဆိုလျင်လည်းဘုရားသခင်အိပ်ပျော်တာပဲကောင်းပေရော့မည်။ ဘုရားသခင်၏ ကြီးမြတ်တော်မူသောတန်ခိုးတော်ကိုအစဉ်တစိုက်ယုံကြည်အားထားလိုက်ပါ။နိုးကြားမှုတစ်ခုနဲ့အမြဲဆုံဆည်းရမှာပါလို့အားပေးချင်ပါတယ်။